Part-1

153 9 4
                                    

Unicode version

ဒီနေ့မနက်အိပ်ရာထကတည်းကျွန်တော်
တွေးမိတာကပျင်းလိုက်တာဆိုတဲ့အတွေး
တစ်ခုတည်းပါပဲ။

ဘဝကြီးကဒီလောက်ပျင်းဖို့ကောင်းနေမှတော့ဘာအဓိပ္ပာယ်ရှိပါအုန်းမလဲ။ပျော်စရာတစ်ခုခုတော့ရှိရမှာပေါ့။မရှိလဲကိုယ်ပါသာရှာရပေါ့။ကျွန်တော်ဘာမှမလုပ်တာအတော်ကြာပြီ။ဒီနေ့ကရုံးပိတ်ရက်ဆိုတော့ကွက်တိပဲ။ညကျရင်Barသွားရင်ကောင်းမလား။မသွားသွားကြာပြီဆိုတော့သွားလိုက်ပါ့မယ်။သွားချင်လို့တော့မဟုတ်ပါဘူးမသွားတာကြာတော့အားနာလို့ပါဗျာ။

ဒီလိုနဲ့ညရောက်တော့ကျွန်တော်barကို
ထွက်လာခဲ့တယ်။သားကောင် အသစ်လဲရှာရင်းပေါ့။ကျွန်တော်ကဖွံဖွံဖြိုးဖြိုးတောင့်
တောင့်တင်းတင်းတွေထက်အရိုးပေါ်အရေတင်ပိန်ပိန်သွယ်သွယ်လေးကိုပိုသဘောကျမိတယ်ဗျာ။အရိုးတွေကသူတို့ရဲ့ဆွဲဆောင်မှုအရှိဆုံးအရာတွေပဲလို့ကျွန်တော်ကတော့
ထင်တယ်။

barမှာတစ်ခွက်တစ်လေသောက်ရင်း
ကျွန်တော့်သားကောင်ဖြစ်မဲ့သူကိုလိုက်ရှာရင်းပေါ့။ဒါပေမဲ့မတွေ့ပါဘူး....ကျွန်တော်အရမ်းစိတ်ညစ်တာပဲကျွန်တော်အတော်ဆာနေပြီဗျာဘာမှမဘာရတစ်လကျော်နေပြီ။
ကျွန်တော့်သားကောင် ဖြစ်ဖို့အရည်အချင်းရှိတဲ့သူတစ်ယောက်မှလည်းမတွေ့သေးဘူး။တွေ့ကရလူတွေကိုလည်းမဘာချင်ဘူး။စိတ်ညစ်ပါတယ်ဗျာ....

ကျွန်တော်စိတ်ညစ်ညစ်နဲ့barနေ
ထွက်လာတုန်း အဲ့မှာကံကောင်းတာပဲကျွန်တော်ရှာနေတဲ့ပိန်ပိန်သွယ်သွယ်ကောင်လေးမျက်နှာလေးကလည်းကျွန်တော်အကြိုက်ဗျာ။ဒါပေမဲ့ခတ်တာကဘေးမှာခွေးရူးနှစ်ကောင်နဲ့။ကျွန်တော်လည်းအခြေအနေကိုသေချာစောင့်
ကြည့်လိုက်တော့ကောင်လေးကိုအတင်းဆေးခတ်ပြီးခေါ်လာပုံရတယ်။ဒီကောင်တွေကွာရုပ်မာလိုက်ကြတာ။

အဲ့တော့လည်းကျွန်တော်ကလူစွမ်းကောင်းကြီးဝင်လုပ်ရတာပေါ့။ရုပ်ရှင်ထဲက
လိုကောင်လေးကိုလွတ်လိုက်ဘာညာပေါ့။အဲ့ခွေးရူးနှစ်ကောင်လောက်ကတော့ကျွန်တော်ကအေးဆေးပါသူတို့တွေကျွန်တော်လက်ချက်နဲ့မှောက်ကုန်ကြပြီ။ကျွန်တော်လည်းအဲ့ကောင်လေးကိုအသာလေးပွေ့ချီပြီးကျွန်တော့်ကားပေါ်တင်လိုက်တယ်။ကောင်လေးအတော်ဖြစ်နေတဲ့ပုံပဲ။ကျွန်တော်ကိုဟိုပွတ်ဒီပွတ်နဲ့ဗျာခတ်တော့တာပဲ။

နှလုံးသားရဲ့ရင်ခုန်သံအပိုင်းအစလေးများWhere stories live. Discover now