Unicode
~~~~~~~~ရုံးမှာ ဥက္ကဌက ကဝန်ထမ်းတွေအတွက် မုန့်ယူလာပေး၍ ပွက်လောရိုက်နေကြသည် ။
အားလုံးကအလုပ်ကို ပင်ပင်ပန်းပန်းကြိုးစားကြသူတွေမို့ ဥက္ကဌဧကရာဇ်မောင်က ခရီးကပြန်လာတိုင်း စားစရာများဝယ်ကျွေးလေ့ရှိသည် ။ ဒီတစ်ခါတော့ လှပတဲ့ဒီဇိုင်းသစ်လေးတွေနဲ့ အရာသာရှိလှတဲ့မုန့်မျိုးစုံကို ယူလာပေးသည် ။
" ကျေးဇူးပါသူဌေး ... ကောင်းကောင်းစားပါ့မယ် "
" အရသာရှိလိုက်တာ "
" ဒါက ကျမအရမ်းစားဖူးချင်နေတဲ့မုန့်ပဲ ... ကျေးဇူးပါသူဌေး "
ဒီနေ့က ပင်ပန်းနွမ်းနယ်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ပျော်ရွှင်ရတဲ့နေ့တစ်နေ့ဖြစ်လာခဲ့သည် ။ လက်ဆောင်ကတန်ဖိုးမကြီးပေမဲ့ စားရသူတိုင်းရဲ့စိတ်ကို ပျော်ရွှင်စေပြီး ကောင်းမွန်တဲ့အရသာကိုပေးစွမ်းနိုင်သည် ။ ဧကရာဇ်မောင်ကိုယ်တိုင်ကလဲ စိတ်ပျော်ရွှင်နေပြီး မျက်နှာကပြုံးလို့နေသည် ။
အတွင်းရေးမှူးသက်မောင်ကလဲ သူဌေးသူ့အတွက်ယူလာတဲ့မုန့်ကိုစားကြည့်ပြီး သဘောတွေကျနေသည် ။
" သူဌေး ဒါကအရမ်းအရသာရှိတာပဲ ... ဒါနဲ့သူဌေးရော စားဦးမလားဗျ "
" အင်း ... ငါ့အတွက်နည်းနည်းယူလာပေး "
ဧကရာဇ်မောင်ဟာ ပုံမှန်ဆို တစ်ယောက်တည်းနေကာ ပြတင်းပေါက်နားမှာရပ်ပြီး ဆေးလိပ်ဖွာနေတတ်သည် ။ ကျန်းမာရေးနဲ့မညီညွတ်ပေမဲ့ သန်မာတဲ့ယောက်ျားတစ်ယောက် ဆေးလိပ်သောက်နေလျှင်တော့ လူတိုင်းက ဆွဲဆောင်မှုရှိသည်ဟု ဆိုကြလိမ့်သည် ။
ယခုအချိန်မှာတော့ ဧကရာဇ်မောင်ဟာ အထီးကျန်စွာ ဆေးလိပ်သောက်နေတာမျိုး မပြုလုပ်တော့ပဲ ပြုံးရွှင်ကာမုန့်တွေစားရင်း ဖုန်းထဲက ကလေးလေးရဲ့ပုံရိပ်တွေကို ကြည့်နေသည် ။ သူဌေးဖြစ်သူရဲ့အပြုံးတွေကိုမြင်လိုက်ရတဲ့ အတွင်းရေးမှူးသက်မောင်ကတော့ သူ့ကိုယ်သူ အိမ်မက်မက်နေသလားဟုပင် ထင်နေတော့သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...