အရသာရှိတဲ့မုန့်ချိုတွေကိုစားနေရင်း ဖုန်းထဲကနေ ကလေးလေးရဲ့လှုပ်ရှားမှုတိုင်းကို ဧကရာဇ်မောင် အချိန်အတော်ကြာငေးကြည့်နေခဲ့သည် ။ ကလေးလေးရဲ့ပုံရိပ်တွေကုန်သွားတော့ မဲမှောင်နေတဲ့ဖုန်းရဲ့မျက်နှာပြင်ထဲက သူ့ရဲ့မျက်နှာပေါ်လာပြီး သူ့ရဲ့မိသားစုဝင်တွေကိုသူ့အနားကနေထွက်ခွာသွားအောင်လုပ်ဆောင်ခဲ့တဲ့ မိမိကိုယ်ကိုအပြစ်တင်ရင်း တဖြေးဖြေးအပြုံးတွေပျောက်ကွယ်လာတာ နှုတ်ခမ်းတွေကတုန်ခါလာသည် ။

" မုဒြာ ... သားလေး ... မင်းတို့ကိုအရမ်းလွမ်းတယ် … တွေ့ချင်တယ် "

မျက်ရည်တွေဝဲတက်လာချိန် ခိုးခိုးပြီးသုတ်နေမိတာကိုတော့ ဘယ်သူမှသတိမထားမိခြေ ။ ဝန်ထမ်းတွေကလဲ သူတို့ရဲ့ဥက္ကဌအရင်ကထက် ပိုကာ သဘောကောင်းလာ၍ ပျော်နေကြသည် ။ ဥက္ကဌရဲ့အပြုအမူတွေ ပျော်ရွှင်ခြင်းဘက်သို့ ပြောင်းလဲသွားခြင်းဟာ အားလုံးအတွက် ကောင်းမွန်တဲ့ဆုလဒ်တစ်ခုဖြစ်လေသည် ။

ဧကရာဇ်မောင်အလုပ်ကနေပြန်လာတော့ ဦးလေးမြတ်အတွက်ချန်ထားတဲ့မုန့်ဘူးအား ပေးလိုက်သည် ။

" ဦးလေးမြတ် ကျွန်တော့ကိုညဉ့်နက်တဲ့ထိစောင့်နေဖို့မလိုပါဘူး ... ဒါကကျွန်တော်လမ်းကြုံလို့ မုန့်တစ်ချို့ဝယ်လာရင်း ဦးလေးမြတ်အတွက် ချန်ထားခဲ့တာ ... ညစာစားပြီးရင်စားလိုက် "

ဦးလေးမြတ်က ဧကရာဇ်ကမ်းပေးတဲ့မုန့်ဘူးကို ဦးညွှန့်ကာဖြင့်ယူလိုက်ပြီး ...

" ကျေးဇူးတင်ပါတယ်သခင်ကြီး ... ကျွန်တော်မျိုးက သခင်ကြီးကိုစောင့်ရှောက်ပေးရမဲ့သူမို့ သခင်ကြီးပြန်မလာမချင်း မအိပ်ဆက်ဝံ့ပါဘူး "

ဦးလေးမြတ်ဟာ အဖိုးကုဌေကြွယ်ရှိစဉ်က ရိုသေလေးစားခဲ့သလို လက်ရှိသခင်ကြီးဖြစ်လာတဲ့ ဧကရာဇ်မောင်အပေါ်တွင်လဲ အသက်ငယ်ရွယ်ပေမဲ့ လေးစားစွာဆက်ဆံသည် ။ ဧကရာဇ်မောင်အနားမှာ အမြဲဂရုစိုက်ပေးခဲ့တဲ့မုဒြာမရှိတော့ပေမဲ့ ပြီးပြည့်စုံတဲ့ စည်းစိမ်ချမ်းသာ မြင့်မြတ်တဲ့ရာထူး ကြီးမားတဲ့အောင်မြင်မှုအပြင် ဂရုစိုက်စောင့်ရှောက်ပေးတဲ့ ဦးလေးမြတ်ရှိနေသေးသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now