Part-15

77 5 1
                                    

နေ့လည်ရောက်တော့လူစုံနေသည်။ဂျုံအင်တို့လည်းစားသောက်ဆိုင်တစ်ခုသို့သွားပြီးအခန်းတစ်ခန်းထဲတွင်​ရောယူလိုက်သည်။နေ့လည်စာအရင်မှာစားကြပြီးနောက်အဓိကအကြောင်းရင်းများကိုဆက်သည်။

"အခုကျွန်တော်ပြောမယ့်အကြောင်းကိုသိပြီးသူတစ်ချို့လည်းရှိသလိုမသိရသေးတဲ့သူတွေလည်းရှိနေလိမ့်မယ်..သေချာလေးအာရုံစိုက်ပေးဖို့တော့တောင်းဆိုချင်ပါတယ်..ကျွန်တော်ပြောတာရှုပ်သွားမှာဆိုးလို့ပါ.."

ဂျုံအင်ပြောလိုက်တော့ အကုန်လုံးကခေါင်းညိတ်လာကြသည်။သူလည်းအဓိကအကြောင်းအရာကိူဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့၁၆နှစ်က အစ်မတို့နှစ်ယောက်ကျွန်တော့်အမေဆေးရုံကိုအတူတူရောက်လာခဲ့ကြတယ်...ပြီးတော့ ကျွန်တော့်အမေကအစ်မအိုဟယ်ယောင်းကိုကလေးမွေးဖွားပေးခဲ့တယ်..အစ်မအိုဂျီယွန်းကိုတော့အမေ့ရဲ့သူငယ်ချင်းကမွေးဖွားပေးခဲ့တယ်..ကလေးမွေးဖွားနေတုန်းအစ်မတို့ရဲ့မိဘတွေရောက်လာတယ်..ပြီးတော့ အိုဟယ်ယောင်းရဲ့ယောက္ခမတွေလည်းရောက်လာတယ်..."

"ဂျုံအင်..ငါသိချင်တာမေးလို့ရလား"

"မေးလေ..ရပါတယ်"

"နင်ဒီအကြောင်းတွေဘယ်လိုသိနေတာလဲ"

"ဒါကတော့ ငါဆယ်ဟွန်းကိုမွေးစားဖို့လုပ်ရင်းသိခဲ့ရတာတွေလေ"

"သြော်..ဆက်ပြောပါ"

"အင်း...အစ်မဂျီယွန်း ရဲ့ကလေးကအရင်မွေးဖွားခဲ့တာပါ...ပြီးမှအစ်မဟယ်ယောင်းရဲ့ကလေးကမွေးခဲ့တာပါ...ကလေးနှစ်ယောက်မွေးဖွားချိန်က၃မိနစ်ကွာပါတယ်...ဘာလို့ ကလေးကိုစွန့်ပစ်ခဲ့လဲဆိုတော့...အစ်မဟယ်ယောင်းရဲ့ယောက္ခမတွေက သဘောမကျကျပါဘူး...သူတို့သားကသူတိူ့သဘောမကျတဲ့သူကိုလက်ထပ်ယူထားတာကြောင့် သူတို့ကဒီကလေးသာမရှိတော့ရင် ငါ့သားနဲ့ကွာရှင်းရမှာပဲဆိုပြီး ကလေးကိုစွန့်ပစ်ခိုင်းခဲ့တာပါ...အဲ့တာကို အစ်မတို့ရဲ့အမေကသိသွားပြီး သူကလည်း သူ့သမီးငယ်ရဲ့ ကလေးကိုမလိုချင်တာကြောင့် အစ်မဟယ်ယောင်းရဲ့ကလေးကိုယူပြီးကလေးချင်းလဲပြီး အစ်မဂျီယွန်း ကိုသွားပစ်ခိုင်းခဲ့တာပါ.."

Am I Your Son Or Boyfriend???Where stories live. Discover now