ဒီနေ့လေးနဲ့နေ့လည်ခင်းလေးက သာယာတဲ့အချိန်လေးတစ်ခုပါ။ ပန်းခြံထဲမှာလည်း လူတွေက လမ်းလျှောက်သူကလျှောက်၊ မိသားစုဒါမှမဟုတ် သူငယ်ချင်းတွေနဲ့လာရောက်သူကလာရောက်၊ ကလေးငယ်လေးများကလည်း ကစားကွင်းထဲတွင် ပျော်ရွှင်စွာကစားနေကြသည်။ အရာရာဟာ သာယာနေပေမဲ့ မသာယာနိုင်သူကတော့ ဂင်နမ်ဂျွန်းဆိုသော မိမိပင်။ နမ်ဂျွန်းမိမိရှေ့ကနေ ဘယ်လောက်အော်ခေါ်နေပါစေ လှည့်မကြည့်ဘဲ ဆူအောင့်အောင့်နှင့်သွားနေသော ပတ်ဂျီမင်းဆိုသည့် ကောက်စိန် ကောင်လေးနောက်ကို အမှီလိုက်နေရ၏။
. သဲငယ် ကိုကို ကို့စောင့်ဦးလေ
.သဲငယ် သဲငယ်လို့
.ဟောဗျာ သဲငယ်လို့
."ဘာတုန်း" အဆက်မပြတ်အော်ခေါ်ကာမှ ဆောင့်အောင့်ပြီးထွက်လာသော စကားသံလေး။
. ကိုကို ကိုမခေါ်ဘူးနော်
.ကိုကိုကလူဆိုးကြီး
ဟော ကျွန်တော့်သဲငယ်စိတ်ကောက်ပြန်ပြီထင်တယ်။ဒီကောင်လေးက ကျွန်တော်အပေါ်ဆိုအမြဲတမ်းအဲ့လိုဘဲ။ သူ့မိသားစုထဲမှာဆို သူကအကိုကြီးဖြစ်တာကြောင့် အမြဲသူ့ညီလေးကိုအလျော့ပေးတတ်ပြီး သူ့ထက်အသက်တစ်နှစ်ပိုကြီးတဲ့ ကျွန်တော်အပေါ်တွင်တော့ သူအလျော့ပေးခဲ့ရသမျှတွေကို ပုံပြီးဆိုးတတ်တယ်။ ကလေးပေါက်စလေးလိုလည်း အငိုသန်ပါသေးသည်။ကျွန်တော်အပေါ်တွင် အနိုင်ယူတတ်ပြီး သိပ်ဆိုးတတ်တဲ့ကောင်လေးပါ။ မုန့်လည်းနေ့တိုင်းဝယ်ကျွေးရပြီး အလိုလိုက်အကြိုက်ဆောင်ပေးနေပေမဲ့ နေ့တိုင်းစိတ်ကောက်တတ်တယ်။ ချက်ချင်းလိုက်မချော့ရင် ကိုကို့ ကို ပြတ်မယ်၊လမ်းခွဲမယ်ပြောပြီး အနိုင်ယူတတ်သေးတယ်။ ဒါပေမဲ့လည်း ကျွန်တော်သဲငယ်ကိုသိပ်ချစ်ပါတယ်။
အခုလည်း တော့ပိုကီထဲကိုအစပ်တွေအများကြီးထည့်ပြီး ဆိုဂျူနဲ့သောက်မယ်လို့ ပူဆာနေသည့်ကြောင့် စေတနာနဲ့ ဗိုက်နာမည်စိုးသောကြောင့် မရဘူးလို့ငြင်းပြီး ကော်ဖီဆိုင်ထဲခေါ်လာသည်ကိုစိတ်ဆိုးနေခြင်းဖြစ်သည်။
.ဆိုဂျူကော အစပ်တွေကောက ရင်ပူတယ်လေ သဲငယ်ရယ်။အဲ့အစားကော်ဖီလေးသောက်၊ကိတ်မုန့်လေးစားတော့ ကောင်းတာပေါ့။
