Part 13

455 59 10
                                    

" အဖေ ကျွန်တော် ဝင်ခဲ့လို့ရမလား "

ကြီးမားသောရွှေညိုရောင်အခန်းတံခါးကြီးရှေ့တွင် မျက်ဝန်းပြာပြာလေးနှင့် ကလေးငယ်တစ်ယောက်ဟာလက်သီးလေးနှစ်ဖက်ဆုတ်လို့ အခန်းတွင်းမှတုံ့ပြန်လာမည့်အဖြေကိုစိတ်လှုပ်ရှားစွာစောင့်နေပုံပင်။

" ဝင်ခဲ့ ဂျွန်ကီလ်ဇာ  "

ဂျွန်ကီလ်ဇာ ဆိုသော ကလေး၏မျက်ဝန်းပြာလေးများမှာသိသိသာသာတလဲ့လဲ့ရွှန်းဝေတောက်ပသွားတော့သည်။ လိုချင်လှပါသည်ဟုအမြဲပူဆာနေခဲ့ရသော အရုပ်ကလေးရလိုက်သည့်နှယ်ပင်။ဂျွန်ကီလ်ဇာ ဟာအနေတည်သောကလေးမို့ မျက်နှာထပ်အမူအယာမှာမပေါ်သော်ငြားစိတ်ထဲတွင်ဝောာ့အလွန်ပျော််မိပါသည်။

အလုပ်များလွန်း ဘုရင်ခံကြီးဂျက်စင်ကီလ်ဇာသည် သူ၏ဖခင်ပေမို့ တွေ့ရဖို့ရာခက်ခဲ့ပါ၏။ ဂျွန် ဟာကျောင်းနေအရွယ်မို့ ကျောင်းဆင်းသည့်အချိန်တွင် အဖေ ဟာခုံရုံးမှပြန်မလာသေးပေ။ပြန်လာလျှင်လည်း အလုပ်ခန်းထဲတန်းဝင်သွားတတ်သည်ကများသည်။ထို့ကြောင့် ဂျွန် နဲ့ အဖေ ဟာမတွေ့ဖြစ်ကြပေ။ဂျွန် ခွင့်တောင်းသည့်အခါတိုင်း ' မအားဘူးဂျွန်နသန်နောက်မှပြောသား ' လို့ခပ်ပြတ်ပြတ်ပြန်တုံ့တတ်စမြဲ။တစ်ခါတစ်ရံများဆိုလျှင် အခန်းအပြင်ဘတွင်ထွက်မလာနိုင်ပဲ ' အဖေ့မှာအလုပ်တွေပုံနေတယ် ' တစ်ခွန်းသာပြောတတ်သည်။

" ကဲ ဆို "

အဖေ သည် သူ၏စာရွက်စာတမ်းများမှမျက်လုံးမလွှဲပါပဲ ဂျွန့် ကိုခေါင်းတစ်ချက်ဆတ်ပြလာသည်။ ဂျွန် သည်  အဖေ့ ရဲ့အလုပ်ခုံရှေ့တွက်ခြေစုံရပ်ကာ အဖေ့ ကိုစိုက်ကြည့်နေခဲ့ပါသည်။
အဖေ ဟာသူ အမြဲသဘောကျလေးစားရတဲ့ လူတစ်ယောက်ပင်။အဘယ့်ကြောင့်ဆိုသော် ကျောင်း နှင့် ပတ်ဝန်းကျင်တွင်သိပ်တော်သော ဘုရင်ခံဂျက်စင် ဟုအစချီသော အဖေ့ ၏ကောင်းသတင်းများကိုကြားရမြဲ။

" ဒီတစ်ခေါက်မွေးနေ့မှာ- "

" ဂျွန်ကီလ်ဇာ အရေးကြီးတဲ့အရာကိုပဲပြောပါ အဖေ မအားဘူး "

" ဗမာပြည်ကိုသွားချင်တယ် အမေ နဲ့ "

ဂျွန့် ရဲ့တုန်တုန်ယင်ယင်စကားလေးအဆုံပြန်ရလိုက်သည်က အဖေ့ ၏စူးစူးရဲရဲဒေါသအကြည့်တစ်ချက်သာ။ ဂျွန် အရဲစွန့်ပြောခဲ့မိတာ။ အမေ ဟာအမြဲမှိုင်မှိုင်ထွေထွေ နဲ့စကားလည်းတစ်ခွန်းမပြော။ဒါဟာ လူမှန်းသိတတ်စအရွယ်ထဲက ဂျွန် သိခဲ့တာပင်။ ‌အမေ မပျော်နေဘူး။ပြီးတော့ အမေ က အမေ ကသူ(မ)ရဲ့အဖေနဲ့အိမ်ကိုလွမ်းနေတာ။ဒါကိုဆယ်နှစ်သားအရွယ် ဂျွန် ကရိပ်မိပါလျှင် အဖေ သာအများကြီးသိနေမှာ။ ဂျွန် မသိတဲ့အရာတွေကိုရောပေါ့။

Umbra! { Completed }Where stories live. Discover now