Part.29 (U)

6K 391 6
                                    

ဒေါ်မေလေးတစ်ယောက် သူမ၏အကြံကိုအကောင်အထည်ဖော်ရန်စတင်တော့သည်။ ဒါမှလဲသူမ၏သားဟာ သူသဘောကျတဲ့လူနဲ့အမြန်နီးစပ်မှာလေ။ ထိုသူဟာ အခြားသူလဲမဟုတ် သူမတို့ယုံကြည်အားကိုနေရတဲ့ ဓားပြဗိုလ်လေ။ ဟဲ ဟဲ ကျွန်မအကြံဘယ်လောက်မိုက်လိုက်လဲ။

ပန်းမှုံနဲ့ခင်လေးတို့ကိုခေါ်ကာ သူမရဲ့အကြံကိုအကုန်ထုတ်ပြောလိုက်တော့ သူမတို့နှစ်ယောက်ကလဲ ခေါင်းညိတ်ကာထောက်ခံလာကြတယ်လေ။.ဒီတော့ သူမရဲ့အကြံကို အကောင်အထည်ဖော်ရန်ပဲမဟုတ်လား။

" ဒီမှာမောင်ရင်။ "

အပင်အကွယ်ကနေထွက်လာတဲ့ အသက်လေးဆယ့်ငါးနှစ်အရွယ်လောက်ရှိတဲ့ အမျိုးသမီးရဲ့ခေါ်သံကြောင့် မိုးညိုထင်လန့်သွားရသည်။ သူမရဲ့ပုံစံကတော့ သူ့ကိုရင်းနှီးဟန်ပုံစံ။

" အမလေးဗျ။ "

မိုးညိုထင်လန့်ကာ နောက်သို့ခြေနှစ်လှမ်းလောက်ခုန်ကာ ဆုတ်မိသွား၏။

" ဓားပြဗ်ိုလ်ကြီးကလဲတော် အသည်းငယ်လိုက်တာ ဟွန့်။ "

ဒေါ်မေလေး လန့်သွားတဲ့သူမ၏မတော်ရသေးတဲ့ သားမက်ကလေးကို အနည်းငယ်မြည်တွန်တောက်တီးမိလိုက်သည်။

" ဓားပြဗိုလ်လဲ အသည်းငယ်တာပေါ့ဗျ။ ရုတ်တရက်ကြီးအပင်အကွယ်ကနေထွက်လာတာလေ။ ကျွန်တော်မလန့်ပဲနေမလား အရီးရ။ အဲ...ကျွန်နော်က ဓားပြဗိုလ်ဆိုတာကို အရီးကဘယ်လိုသိလဲ။ "

" အိုတော် မသိပဲနေမလားတော့။ ဒီနယ်တဝိုက်မှာ နာမည်ကြီးနေတဲ့သူကို ကျုပ်မသိရင် ဒီရွာရဲ့သူကြီးကတော် ဘယ်လုပ်တော့မလဲ။."

မိုးည်ိုထင်လွတ်ခနဲပြောမိပြီးမှ ကိုယ့်ပါးစပ်ကိုလက်နဲ့အုပ်မိလိုက်သည်။ အချိန်ကတော့နောက်ကျသွားရုံကလွဲလို့ပေါ့။ ပြီးတော့အရီးက ဒီရွာကသူကြီးကတော်ဆိုတော့ သာကူလေးရဲ့အမေ
သူရဲ့ယောက္ခမကြီးပေါ့။

" ဒါဆိုအရီးက သာကူ အဲ မဟုတ် သာလွန်ချမ်းရဲ့အမေလား။ "

" ဟုတ်သပ ဟုတ် ဟုတ်။ တော်ကလက်နှေးနေလို့ ကျုပ်ကအခုလိုရောက်လာရတာ။ "

ဒေါ်မေလေးပုံစံက မသိလျှင်သူရဲ့အိမ်ကိုကြွချီလာတဲ့ နတ်တစ်ပါးပါးလို ဟန်မူယာနဲ့။ မျက်နာကိုမော်ချီကာ ခါးကိုလဲထောက်ထားပါသေးတယ်။

ငါ့ယောကျ်ားက ဓားပြဗိုလ်ခေါင်းဆောင် (Complete) Where stories live. Discover now