Chapter - 24 (Part 1)

Start from the beginning
                                    

ငါက မချစ်သင့်​တဲ့လူကို ချစ်​မိသွားခဲ့တယ်​​လေ။

အမှန်တကယ်တော့ အပတ်တိုင်းမှာ ငါက ချစ်ဖို့ မသင့်တော်တဲ့သူတစ်ယောက်​​ယောက်ကို ချစ်မိတတ်တာ​ကြောင့် အ​လေးအနက်ထားစရာ​တော့ မရှိပါဘူး။ အစကတည်းက စိတ်အားထက်သန်တဲ့လူတွေဟာ အေးစက်တဲ့စိတ်​နေစိတ်ထား​တွေကြောင့် စိတ်ထိခိုက်ရတယ်​​လေ။ ငါက အရမ်းစိတ်အားထက်သန်ပေမယ့် ကမ္ဘာကြီးက အရမ်းအေးစက်တယ်။

ဒါပေမယ့် အဲ့ဒီလူက​တော့ မတူဘူး။

သူက မန်နေးဂျင်းဒါရိုက်တာရဲ့ သားအငယ်ဆုံး​​လေ။ သူ့နာမည်က​​တော့ ဘိုင်ဇီချီ(Bai Ziqi)။ သူက နှိုင်းစရာမရှိ​အောင်ကို ချောမောပြီး​တော့ ချစ်စရာကောင်းတယ်။ ပြီး​တော့ အရမ်းကို ယဉ်ကျေးပြီး အတိတ်က​နေ ပစ္စုပ္ပန်ကာလအထိ အကြောင်းအရာမျိုးစုံကိုလည်း ငါနဲ့ ပြောတတ်တယ်။ သူက အရာအားလုံးကို သိပုံရတယ်။ သူ မသိတာ ဘာမှမရှိဘူး။

သူနဲ့ငါ ချက်ချင်းပဲ ဖြတ်ပစ်လိုက်ရတယ်။ ကံမကောင်းစွာပဲ ငါက နောက်နေ့မှာ အပြန်ရထားကို စီးရမယ်​လေ။

မနေ့က ငါ အလုပ်က ပြန်လာတော့ အန်ကယ်လေးဆီကို ပြေးသွားလိုက်တယ်။ သူက ဥရောပဘဏ်ရဲ့ အပြင်ဘက်မှာ ငါ့ကို စောင့်နေတာကြောင့် ဒါက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်​လောက်ဘူး။ သူက ငါ့ကိုတွေ့တော့ ငါ့ဆီ လာပြီး ​ပြောတယ်, "ရိရှင်, ဒီတစ်ခါ​တော့ ငါ့မှာ မင်းကို အကူအညီတောင်းဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး"

​ကျောင်းမိသားစုနဲ့ ဆက်စပ်မှုရှိတဲ့တစ်စုံတစ်ယောက်က ငါ့ကို အကူအညီလာတောင်းတဲ့အခါ ငါ့ရဲ့နှလုံးသားက အေးခဲသွားတယ်။

ဒါပေမယ့် ဒါက အန်ကယ်​လေးပဲ​လေ။ အေးစက်နေတဲ့ ငါ့နှလုံးသားက နွေးထွေးမှုကို မခံစားဘဲ မ​နေနိုင်တော့ဘူး။ အကယ်၍သာ ဦးလေးငယ်က တစ်စုံတစ်​​ယောက်နဲ့ မကြာသေးခင်က စေ့စပ်ထားခြင်းမရှိခဲ့ဘူးဆိုရင် ဒီနွေးထွေးမှု​လေးက အရမ်းသေးငယ်ပြီး အားနည်း​နေမှာမဟုတ်ဘူး။ အဲ့အစား အားအင်ပြည့်လျှံကာ ပူလောင်​နေလိမ့်မယ်။

ဒါကြောင့် ငါဟာ အန်ကယ်လေးရဲ့ တောင်းဆိုမှုကြောင့် အကြာကြီး တိတ်ဆိတ်စွာ နေခဲ့ပြီး​​နောက်, အဲ့ကိစ္စနဲ့ပတ်သက်ပြီး စဥ်းစားကြည့်မယ်လို့ ပြောခဲ့လိုက်တယ်။





Annoying Zhao Gongzi (Myanmar Translation) CompletedWhere stories live. Discover now