မှိုင်းတို့ အပေါ်ထပ် ရောက်သွားတာ သေချာမှ ထားက ယိင်းဘက်ကို လှည့်လိုက်ပြီး

"ယိင်း ကိုကိုလေးရဲ့ Exက စိုင်းယံမလား"

ထားရဲ့ စကားကြောင့် ယိင်း ရွှေကျီဗန်းကိုဓားဖြင့် စိတ်နေရာမှာ တွန့်ခနဲ ဖြစ်သွားပြီး

"ထား…ဟိုလေ…"

ယိင်းမှာ အားနာနေဟန် ကြည့်လာ၍ ထား ပန်းကန်ပြားအသေးလေးများကို အဝတ်စ လေးဖြင့် သေချာသုတ်နေရင်း

"ထား စိတ်ဆိုးတယ် ယိင်း။ထားက ယိင်းတို့ 3ယောက်နဲ့ အတူတူ ကြီးပြင်းလာတာပဲလေ။ယိင်းတို့ အချင်းချင်းလောက် မရင်းနှီးပေမယ့် ထားက ယိင်းတို့ရဲ့ တိုင်ပင်ဖက်တောင် မဟုတ်ခဲ့ဘူးလား"

ထားစကားကြောင့် ယိင်း ဓားကိုအသာအယာ ချလိုက်ပြီး

"မဟုတ်တာ ထားရယ်။ထားက သူ့ကို တကယ်သဘောကျနေတယ်ဆိုတော့ မှိုင်းလည်းမပြောရက်သလို ယိင်းတို့ကလည်း မပြောရက်တော့ဘူးလေ။ထားကို ပြောပြရင် ထားပဲ စိတ်မကောင်းဖြစ်ရမှာ မဟုတ်ဘူးလား…"

"အင်းပါ နောက်ဆို ထားကို ဘာကိစ္စမှ မကွယ်ဝှက်ပါနဲ့တော့…အပြင်သူစိမ်းအတွက်နဲ့ ထားတို့ရဲ့ ခင်မင်မှုကို ဖျက်ဆီးပစ်စရာလား"

"အင်း ထားပြောတာမှန်တယ်။စကားမစပ် မုန့်တွေအကုန်လုံးကို အပေါ်ထပ်ယူထားလိုက်ရမလား။အန်ကယ်လေး အလုပ်က လူတွေ ခဏနေဆို ဆက်တိုက် လာတော့မှာ"

ယိင်း စကားကြောင့် ထားခဏ စဉ်းစားလိုက်ပြီး

"တစ်ခါထဲ ယူတက်ထားလိုက်ကြတာပေါ့။ကိုကိုလေးကလည်း ဧည့်သည်တွေ လာတော့မှာကို မုန့်လေးဝယ်ပေးပြီး ထားတို့ကို မီးဖိုချောင်ထဲ ပစ်ထည့်သွားတယ်။ယောကျာ်းလေးတွေချည်း နေတဲ့အိမ် ဆိုတော့လည်း အဲတာကြောင့် အန်ကယ်လေးကို မိန်းမယူပါဆို မယူဘူး။အဲ ယူရအောင်ကလည်း အန်ကယ်လေး က အကွေးကြီး"

မိန်းကလေး ပီပီ နှစ်ယောက်သား ဟိုအကြောင်း ဒီအကြောင်း အတင်းတုတ်ရင်း တခွိခွိနဲ့ အိမ်အပေါ်ထပ်သို့ ပြန်တက်လာလိုက်သည်။

"ဟို နှစ်ယောက် ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာလား။ကိုယ်စားမဲ့ဟာ ကို့ဘာသာ လာယူ"

မှိုင်း(Complete)Where stories live. Discover now