"မင်းအမေကိုဖုန်းဆက်ပြောပြီးပြီးလာ"
"ဟုတ် ပြီးပါပြီး"
"ဗိုက်ဆာပြီးလာ"
"မဆာပါဘူး.. ဂွီး....."
"Hk"
ချက်ချင်းသစ္စာထဖောက်သောဗိုက်ကြောင့်
ထယ်ယောင်းမှာ မျက်နှာကိုသာ
လက်နှစ်ဖက်ဖြင့်အုပ်ထားမိသည်။
အားးးးငါ့နှယ်ရှက်လွန်းလို့သေတော့မှာပဲ
ကင်မ်ထယ်ယောင်းရာ
အတွေးထဲတွင် အော်ဟစ်နေသောလည်း
လက်တွေ့တော့မောင့်ရှေ့မှာလှုပ်တောင်မရဲ။
မောင်မှာမီးဖိုချောင်ထဲဝင်သွားပြီး
ပြန်ထွက်လာတော့ခေါက်ဆွဲဗူးနှစ်ဗူးကိုင်လာပြီး
ထယ်ယောင်းအားနစ်ဗူးပေးပြီး
ထယ်ယောင်းဘေးဝင်ထိုင်လိုက်သည်။
"အိမ်မှာတော့ ခေါက်ဆွဲပဲရှိတယ်
ချက်ပြုတ်ရမှာအလုပ်ရှုပ်တယ်"
"ရပါတယ်"
ခေါက်ဆွဲကိုတစ်ငုံစားလိုက်တော့
ထယ်ယောင်းမျက်နှာများပင်နီလာသည်။
ဂျောင်ကုကိုကြည့်လိုက်တော့
နည်းနည်းမှစပ်ဟန်မပေါ်ပေ။
"ယွန်ဂီဝယ်လာတာ..အရမ်းစပ်လို့မစားနိုင်ရင်တောင်
နည်းနည်းဖြစ်ဖြစ်စားလိုက်"
"ဟုတ်"
ထယ်ယောင်းမှာတစ်ဝက်ခန့်သာစားနိုင်သည်။
"စားပြီးရင်ထားလိုက် မောင်သိမ်းလိုက်မယ်
ပြီးရင် ကုတင်ပေါ်သွားအိပ်တော့ ယွန်ဂီကဒီညပြန်လာမှာမဟုတ်ဘူး"
"မောင်..မောင်ကရော"
"ဆိုဖာပေါ်မှာအိပ်မယ်"
"အာ..ဟုတ်"
ထယ်ယောင်းမှာကုတင်ပေါ်သို့တက်သွားပြီး
မီးပိတ်ကာစောင်ခြုံထားလိုက်သည်။
မိုးအေးနေတာကြောင့်
အအေးဓာတ်မှာအနည်းငယ်ပိုနေသည်။
တစ်ခန်းလုံးတိတ်ဆိတ်သွားတာကြောင့်
ဂျောင်ကုကိုထယ်ယောင်းတစ်ချက်ချောင်းလိုက်သည်။
မိစ္ဆာကောင်က ကုတင်ပေါ်တွင်
ခြေကားယားလက်ကားယားဖြင့်အိပ်နေသည်။
စောင်နှစ်ထည်ရှိတာကြောင့်
တစ်ထည်အားယူကာ ဂျောင်ကုကိုခြုံပေးလိုက်ပြီး
ကုတင်ပေါ်သို့ပြန်တက်လာကာ အိပ်ပျော်အောင်ကြိုးစားလိုက်သည်။
YOU ARE READING
Loading.. [COMPLETE]
Fanfictionမင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုပ်တဲ့အထိရိုက်မယ်ဆိုတာယုံတယ်မလာကင်မ်ထယ်ယောင်း။ Jeon Jungkook ဂျွန်..ငါနဲ့ဝေးဝေးနေ မင်းကိုကြောက်တယ်။ Kim taehyung မင်းငါ့ကိုပြန်မကြိုက်ရင် အခုလူကြားထဲမှာပဲ မင်းတင်ပါးကိုပုတ်တဲ့အထိရိုက်မယ်ဆိုတာယု...
Part-5
Start from the beginning
![Loading.. [COMPLETE]](https://img.wattpad.com/cover/315002051-64-k572191.jpg)