"မင်းဘာလည်တာလည်Jk!!"

"ခင်ဗျားကတော်တော်စိတ်ကူးယဥ်တာပဲဂျော်နီ!!"

"မင်း!"

"Hk ခွင့်ပြုပါအုံး"

ဂျောင်ကုမှာထယ်ယောင်းလက်ကိုဆွဲပြီး
ကလပ်အပြင်သို့ထွက်လာသည်။
မောင့်ကိုကြည့်ရသည်မှာအနည်းငယ်
ဒေါသထွက်နေသယောင်။

"မောင်..ဆော့ဂျင်ကျန်ခဲ့ပြီး"

"မင်းပါးစပ်ကိုပိတ်ထားကင်မ်ထယ်ယောင်း"

မောင်၏ဒေါသကိုသိတာကြောင့်
ထယ်ယောင်းမှာဆက်မပြောရဲတော့ပေ။

ဆိုင်ကယ်ဦးထုပ်ကိုဆောင်းပေးပြီး
မောင်ကဆိုင်ကယ်ပေါ်ခွတက်လိုက်သည်။

"တက်! ကင်မ်ထယ်ယောင်း!"

"ကား...ကားကရော"

"မနက်ဖြန်ပြန်လာယူပေးမယ်!
တက်ဆိုတက်!"

ထယ်ယောင်းမှာဘာမှဆက်မပြောတော့ပဲ
ဆိုင်ကယ်ပေါ်တက်ကာ
မောင်းခါးကိုဖက်ထားလိုက်တော့
အရှိန်မြင့်မောင်းထွက်သွားသည့်ဆိုင်ကယ်။

အချိန်အခါမသိသည့်မိုးများကရွာလာပြီး
တစ်ဖြည်းဖြည်းသဲလာသည်။
ဘာကြောင့်မှန်းမသိ
မောင်နှင့်အပြင်ထွက်တိုင်း မိုးရွာလေ့ရှိသည်။

မိုးနှင့်အတူ လေအရှိန်မှာ
တစ်ဖြည်းဖြည်းပြင်းလာတာကြောင့်
မောင်၏ခါးကိုဖက်ထားသည့်လက်အစုံမှာ
တင်းကြပ်လာသည်။
သူချမ်းနေတာကိုမောင်ကသိတယ်ထင်ပါ့။
သူ့ကိုလက်တစ်စုံကို
ကျန်လက်တစ်ဖက်ဖြင့်အုပ်ကိုင်လာသည်။

ဆိုင်ကယ်၏ဦးတည်ရာကိုကြည့်လိုက်တော့
ထယ်ယောင်း၏အိမ်မဟုတ်ပဲ
တိုက်ခန်းတစ်ခုထဲသို့မောင်းဝင်သွားသည်။
တိုက်ခန်းအောက်တွင်
မောင်ကဆိုင်ကယ်ကိုပါကင်ထိုးလိုက်ပြီး
ထယ်ယောင်း၏ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပေးလာသည်။

"ဒီညမုန်တိုင်းရှိတယ်
မောင့်တိုက်ခန်းမှာပဲအိပ်
မင်းအမေကို ဖုန်းဆက်ပြောလိုက်"

"ဟုတ်မောင်"

ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပေးပြီး
ထယ်ယောင်း၏လက်ကိုဆွဲကာ
နှစ်လွှာရှိရာသို့တက်လာသည်။
တိုက်ခန်းမှာစျေးကြီးမည့်ပုံပင်။
လူချမ်းသာများသာ နေနိုင်မည့်ပုံစံ။

Loading.. [COMPLETE]Where stories live. Discover now