ထယ်ယောင်း၏လက်ကိုဆွဲပြီး
လှည့်ထွက်မည်ပြင်တော့

"ဘာလို့ဆတ်ဆတ်ထိမခံဖြစ်နေတာလည်းJk
ဒီကောင်လေးနဲ့က ဘယ်လိုပတ်သတ်မှုလည်"

ဂျော်နီ၏အမေးကြောင့်
ထယ်ယောင်း၏လက်ကိုဆုပ်ကိုင်ထားသော
မောင်၏လက်မှာတင်းခနဲ။

"မောင့်နောက်မှာပဲနေ
မကြောက်နဲ့"

မောင်မှာသူ့ဘက်သို့လှည့်ပြီး
နှစ်သိမ့်သလိုပြောလာတာကြောင့်
ထယ်ယောင်းခေါင်းအသာညိတ်လိုက်သည်။

"ဒါက မစ္စတာဂျော်နီရဲ့အလုပ်မဟုတ်ဘူးထင်ပါတယ်"

"အို..ကိုယ်ကအပေးအယူလုပ်မလို့ပါကွား"

"စိတ်မဝင်စားဘူး"

"HK အဲ့လောက်မပြတ်သားပါနဲ့
အရင်နားထောင်ကြည့်ပါအုံး"

ဂျော်နီမှာ ခပ်ထေ့ထေ့ရယ်ပြီး
သူ့နောက်တွင်ရှိနေသော
ထယ်ယောင်းကိုသာ ချောင်းကြည့်နေတာကြောင့်
ဂျောင်ကုမှာလက်သီးအသာဆုပ်မိသည်။
ဂျော်နီဆိုသောလူနှင့်
အကန့်တစ်ချို့ရှိလို့သာသီးခံနေရတာပင်။
တစ်ခြားသူသာဆို သတ်ပစ်မိမည်။

"မင်းအနောက်ကကောင်လေးကိုကိုယ့်ဆီပေး
မင်းကိုယ့်ပေါ်တင်နေတဲ့အကြွေးတွေကို
ကျေအေးပေးမယ်"

"အာ..စိတ်ဝင်စားစရာပဲ"

ဂျောင်ကုမှာ ပါးစောင်းကို
လျှာဖြင့်ထိုးလိုက်ပြီး
ခါးထောက်ကာ သဘောတကျရေရွတ်သည်။
ထိုနောက်ထယ်ယောင်း၏လက်အား
ပြန်ဆုပ်ကိုင်လိုက်ကာ
ဂျော်နီ၏လက်ထဲသို့ထည့်ပေးရန်ပြင်လိုက်သည်။

ဂျော်နီမှာတော့လက်တစ်ဖက်ကမ်းပေးပြီး
အောင်နိုင်သူအပြုံးဖြင့်ပြုံးလျက်။
ထယ်ယောင်းမှာတော့ တုန်လှုပ်နေပြီပင်။

"မောင်..မောင်..မလုပ်ပါနဲ့
တောင်းပန်ပါတယ်"

"မကြောက်ပါနဲ့အလှလေးရဲ့ ကိုယ်ကလူကောင်းပါ"

ထယ်ယောင်း၏လက်မှာ
ဂျော်နီလက်ထဲရောက်ခါနီးတွင်
ဂျောင်ကုမှာ လှောင်ပြုံးဖြင့်
ထယ်ယောင်းလက်အားပြန်ဆွဲယူလိုက်သည်။

ဂျော်နီ၏မျက်နှာကိုကြည့်လိုက်တော့
ရှက်စိတ်ကြောင့် ​ဥရောပသားပီပီ
မျက်နှာမှာနီရဲသွားသည်။

Loading.. [COMPLETE]Donde viven las historias. Descúbrelo ahora