"ကိုယ်ဒီမှာထိုင်မယ်နော်"

ထိုလူ့ပုံစုံမှာ
ခွင့်တောင်းတာမဟုတ်ပဲ
အသိပေးသည့်ပုံစံဖြစ်နေတာကြောင့်
ထယ်ယောင်းမှာ ခေါင်းအသာညိတ်လိုက်သည်။

"ကိုယ့်နမယ်က ဂျော်နီ
မင်းကရော အာရှသားလေး"

"ကင်မ်..ကင်မ်ထယ်ယောင်းပါ"

"အာ...နားထောင်လို့ကောင်းတယ်"

ထိုလူမှာအရက်ခွက်ကိုလှည့်နေပြီး
တစ်ငုံမော့သောက်လိုက်သည်။
သို့ပေမဲ့ထူးဆန်းစွာဖြင့်ပင်
ထယ်ယောင်း မောင့်ကိုပြေးမြင်မိသွားသည်။
မိုးရေထဲတွင် မောင်ဘီယာသောက်နေသည့်ပုံ။
လွန်စွာမှ ဆွဲဆောင်မှုရှိလွန်းသည်။

"ဒီည ကိုယ့်ပါတနာအဖြစ်ကိုယ်နဲ့တွဲကမလာ"

"ကျွန်တော်မကတတ်ဘူး"

ထယ်ယောင်းမှာအယောင်ယောင်အမှားမှားဖြင့်
လိမ္မော်ရည်ခွက်ကိုမော့သောက်လိုက်တော့
ထိုလူက လှောင်သလိုရယ်သည်။

"ကလပ်ကိုလာပြီး လိမ္မော်ရည်သောက်နေတာလာ"

"ကျွန်တော်အရက်မသောက်နိုင်ဘူး"

"အဖြူထည်လေးပဲ"

တစ်ဖန်ပြန်တိတ်ဆိတ်သွားသောစကားဝိုင်း။
ဂျော်နီမှာ အရက်ခွက်အားလှည့်နေပြီး
တစ်စုံတစ်ခုအားတွေးနေဟန်။

"တွဲကပေးမယ်မလာ"

"ကျွန်တော်မကတတ်ဘူး"

"ကိုယ်သင်ပေးမှာပေါ့"

"ဟင်အင်း"

"လာပါ"

ထိုလူမှာ သူ့လက်ကိုဆုတ်ကိုင်မည်လုပ်တော့
ရင်းနှီးသည့်လက်တစ်စုံက
သူ့လက်အားဆွဲယူကာ
သူ့ရှေ့တွင်ကာပြီး ရပ်ပေးလိုက်သည်။

"သူ့ကိုအတင်းအကြပ်မလုပ်နဲ့ဂျော်နီ"

စူးရှသည့်အသံတစ်စုံ။
မောင်၏အသံမှမောင်၏အသံပင်။
မောင်မှာသူ့ကို ကျောဘက်ပို့ထားတာကြောင့်
မောင့်၏ကျောကိုသာမြင်ရသည်။
ဘာကြောင့်မှန်းမသိ
အလိုလိုလုံခြုံသွားသည်ခံစားချက်ကလေး။

"အာ..Jkနဲ့စုံလိမ့်မယ်လို့မထင်ထားဘူး"

"ဒါဆို ခွင့်ပြုပါအုံး"

Loading.. [COMPLETE]Where stories live. Discover now