*အ့

ဝေးသော် ထိုမျှသာအသံပြုနိုင်တော့သည်။လက်သီးကိုကျစ်နေအောင်ဆုတ်ထားမိရာ လက်၏တင်းအားကြောင့်ပုခုံးထက်မှသွေးများစီးကျကာပိုမိုအောင့်မျက်နာကျင်ပါသည်။

" ထစမ်း "

ဝေး ၏လက်ကောက်ဝတ်ကိုတင်းကြပ်စွာဆုတ်ကိုင်ကာအကြမ်းပတမ်းဆွဲထူခံရပြန်သည်။
နာကျင်နေသောပုခုံးကြောင့်မျက်ရည်များပင်လုလု။သူလည်းယောက်ျားကိုယ်လည်းယောက်ျားပဲပြန်ခုခံတိုက်ခိုက်လိုသော်ငြားခန္ဓာကိုယ်အရွယ်အစားကွာခြားမှုကြောင့် ဝေးမတတ်နိုင်ပါချေ။ဝေး ခြေထောက်ကိုအားပြုကာခြေစုန်ကန်၍ငြင်းဆန်မိသည်။လက်ဖဝါးကြီးထဲမှလက်ကောက်ဝတ်ကိုလှည့်ထုတ်မိသည်။

" လွှတ် ကျွန်တော်မလိုက်ဘူး လွှတ် ဟင့် ကျွန်တော့်ကိုလွှတ် "

ဝေး သည်သာမာန်ယောက်ျားလေးတစ်ယောက်ထပ်အားနည်းသည်။အလှကြိုက်သော ဝေး သည်ယောက်ျားလေးတစ်ယောက်လိုပြုမူနေထိုင်သော်ငြား စင်စစ်ယောက်ျားတစ်ယောက်လိုသန်မာစေရန်တော့မကြိုးစားချင်ပါ။ဝေး ဟာနုနုယွယွလှလှပပသာနေချင်ခဲ့ပါသည်။

" ဘုန်း "

" အ့ "

အကြမ်းပတမ်းဆွဲခေါ်မှုကြောင့်နီးစပ်ရာအခန်းတစ်ခုအတွင်းသို့ ဝေး ပါလာခဲ့ရသည်။ထို့နောက် အိပ်ယာတစ်ခုပေါ်သို့ပြင်းထန်စွာတွန်းလှဲခံရပြန်၏။ပြန်ကုန်းထသော်လည်းဒဏ်ရာကြောင့်သွေးတစ်စိမ့်စိမ့်ထွက်သောပုခုံးကိုတင်းကြပ်စွာဆုတ်ကိုင်ခံလိုက်ရသည့်အပြင် အိပ်ယာထပ်ကျောကပ်စေပြန်သည်။

" ဟင့်အင်း "

ခါးအထက်ခွတက်လာကာအုပ်မိုးခံလိုက်ရပြီးနောက် ဝေး ၏နှုတ်ခမ်းဖူးဖူးလေးထံသို့ချည်းကပ်လာသည်ကြောင့် ခေါင်းကိုဘယ်ညာရမ်းခါကာငြင်းဆန်နေမိ၏။

" တောက် ဒီငါ ိုးမသားလေးကတော့ "

" ဖြောင်း ဖြောင်း ဖြောင်း "

ဝေး ၏ပါးပြင်နုနုလေးနှစ်ဖက်သည် ထိုလူကြီး၏ပြင်းထန်စွာရိုက်ချက်များကြောင့်လက်ငါးချောင်းအရာများထင်ကျန်နေမည်မှာမလွဲ။

Umbra! { Completed }Where stories live. Discover now