အဏ္ဏဝါ ထိုင်နေတဲ့ ခုံတန်းလေးအနားကို သူတရွေ့ရွေ့နဲ့သာ လျှောက်သွားလိုက်သည် ။
တောင်းပန်ပါတယ်တောင်းပန်ပါတယ်တောင်းပန်ပါတယ်တောင်းပန်ပါတယ်တောင်းပန်ပါတယ် ။
တောင်းပန်ပါတယ် ဆိုတဲ့ စကားကို ပဲ သူစိတ်ထဲကနေ အထပ်ထပ်အခါခါ ပြောနေမိတယ် ။
" သဲငယ် "
ဆေးရုံ ဝတ်စုံ အပြာလေးနဲ့ သူ့ဆီကို ယိုင်နဲ့နဲ့ နဲ့ လမ်း လျှောက်လာသော ဆိုင် ။ လူကလည်း သူမရှိတဲ့ ရက်အတွင်း ပိန်ကျသွားလိုက်တာ ။
မတော်တဆ အဏ္ဏဝါ ဆိုင့် လက်ကလေး ကို လှမ်းကြည့်လိုက်တော့ အပ်ပေါက်ရာတွေက အပြည့် ။
ရင်တွေ နာလိုက်တာ အသက်ရှူတွေတောင် မဝတော့ သလိုပဲ ဆိုင်ရာ ။
သူ့ကို ကြည့်တဲ့ အကြည့်တွေထဲမှာ တောင်းပန်တိုလျှိုးတဲ့ အကြည့်တွေက
အပြည့် ။သွန်းသွန်း အတွက် မတရားဘူး ပဲ ပြောပြော သူ ဆိုင့်ကို ခွင့်လွတ်တယ် ။
ပြီးတော့ ဆိုင်က အဲ့လိုလုပ်မဲ့သူ မဟုတ်ဘူး ဆိုတာလည်း သူယုံတယ် ။
နေကြည်အလင်းဆိုင် ကို အကြွင်းမဲ့ သူ ယုံကြည်ပေးထားပါတယ် ။
" ငါ့ကို တွေ့ချင်တယ်ဆို "
မငိုနဲ့ ။ မငိုနဲ့ နေကြည်အလင်းဆိုင် မျက်ရည်ကျလို့ မဖြစ်ဘူး မင်းမျက်ရည်တွေ မြင်ရင် အဏ္ဏဝါ စိတ်ညစ်လိမ့်မယ် ။
ငိုလို့ မရဘူး နေကြည်အလင်းဆိုင် ကျေးဇူးပြုပြီးတော့ မျက်ရည်မကျလိုက်ပါနဲ့ ။
ဘာမှ မပြောဘဲ သူ့ကို ပဲ ကြည့်နေသည့် အဏ္ဏဝါ့ ကြောင့် ဆိုင် ပိုပြီး ဝမ်းနည်းလာသည် ။" ဘာမှ မပြောဘူး ဆိုရင် ငါအထဲ ဝင်တော့မယ် "
လှည့်ထွက်ဖို့ ပြင်တော့ သူ့လက်ကို ဆွဲလာသော သူ ။
" ကိုယ် ကိုယ် မင်းကို ဝန်ခံစရာ ရှိတယ် သဲငယ် "
သဲငယ်တဲ့ သူ့ကို သဲငယ်တဲ့ အဏ္ဏဝါ က သူ့ကို သဲငယ်လို့ ခေါ်တယ် ။ အရင်စိတ်နဲ့ဆို သူက အရူးတစ်ယောက်လို ပျော်နေမိမှာ ။
" ငါ နားမထောင်လည်း ဖြစ်တယ် မလား "
" မင်းအရမ်းကြားချင်နေတဲ့ စကားလေ သဲငယ် "