အလွှာထူပြီး လေးထောင့်ချွန်နေသော ဖန်သားနှင့်လုပ်ထားသည့် floor ပေါ်တွင် ရပ်ကာ leather jacket အိတ်ထဲ လက်ထည့်၍ ဖန်ချပ်များဖြင့်အထပ်ထပ်ကာထားသော စိမ်းညို့ညို့ ပန်းပင်များအား ကြည့်နေသော်လည်း ခေါင်းထဲမှာ မရေရာသော အတွေးများပဲစဉ်းစားမိနေသည်
"ယို့ စံနီးရား ရောက်နေတာကြာပြီလား"
အနောက်မှ မစိမ်းသက်သော အသံတစ်ခုကြောင့် အတွေးများအား ခေတ္တရပ်ဆိုင်းကာ အသံလာရာဘက်သို့လှည့်လိုက်သည်
"အာ အွန်း ယူနို မကြာသေးပါဘူး ဒါပေမဲ့လည်း မစောတော့ဘူး ငါတို့သွားရအောင်"
"အာ အော့် အွန်း"
ဘာစကားမှ မစရသေးခင်မှာပင် ချက်ချင်းဆိုသလို ရှေ့သို့လျှောက်လာပြီး မိမိလည်ပင်းအားသိုင်းဖတ်ကာ Glass buildingထဲမှ ထွက်လာတာကြောင့် ယူနိုတစ်ယောက် စကားအထစ်ထစ်နှင့် စံနီးကို မော့ကြည့်ကာ ပါသွားရသည်
စံနီးက လက်ထဲမှ Car key remote control အား တချက်နှိပ်လိုက်ကာ အနီးအနားရှိ လူအရိပ်အကဲ တချက်ကြည့်၍ နှစ်ယောက်လုံးကားပေါ်တတ်ပြီး lever နှင်း၍ အရှိန်နှင့် မောင်းသွားတာကြောင့် ထိုနေရာတွင် car gas မြူတွေသာ ကျန်ခဲ့သည်
"ဒါနဲ့ အဲ့နေရာဆိုတာ သေချာလား"
ယူနိုက တဖက်တွင် fedora hat ဆောင်းကာ အာရုံစူးစိုက်မှုအပြည့်ဖြင့် ကားမောင်းနေသူ စံနီးထံ စကားတစ်ခွန်း စမြန်းမေးလိုက်သည်
"အွန်း ဆယ်မီ သွားပြီးပြီ"
"ဘာ!!!!!!! ဆယ် ဆယ် ဆယ်မီ သွားခဲ့တာလား"
စံနီးရဲ့အဖြေကြောင့် ယူနို ခန္ဓာကိုယ်တစ်ခုလုံး အဖြေလာရာဘက်သို့ စောင်းလှည့်ကာ အံ့သြမှုများနှင့်အတူ အာရုံထွေပြားနေသော အကြည့်များဖြင့် စံနီးအားစိုက်ကြည့်နေမိသည်
တဖက်လူအကြည့်တွေကြောင့် မဲ့ပြုံးတချက်ပြုံးကာ မျက်လုံးတချက်ညာဘက်သို့ဝှေ့၍ တည်ငြိမ်သော လေသံဖြင့်
" ဘာလဲ မင်းကငါလိမ်နေတယ် ထင်လို့လား"
"မဟုတ်ပါဘူး မဟုတ်ပါဘူး ငါ ဆယ်မီ ဆိုတော့ နည်းနည်း လန့်သွားတာ"
YOU ARE READING
Seen Side Seen (SSS)
ActionZawgyi Halateez နဲ့ Ateez ကို inspire ယူပြီးရေးထားတပါရှင် feat ကတော့ Reader ပါ ဒါပေမဲ့ Reader ဖြစ်သူက Atinyဖြစ်နေရင်တော့ ပိုကေင်းပါတယ် fiction ထဲမှာ unseen တွေမြှုပ်ထးလို့ပါ ပထမဦးဆုံး parts တွေနဲ့ ရေးဖူးတမို့ နည်း" ကြောက်ပေမဲ့ အရမ်းရေးဖို့စိတ်အားထ...
