ထိုနောက်မှာတော့ ဒန်နာရီဟာ ဂျော့ဖရေးကို မော့ကြည့်လိုက်ပြီး
"ကိုကို... ဒီငှက်လေးနာမည်ကရော ဘာလဲဗျ" မေးလိုက်တော့ ဂျော့ဖရေးဟာ ခေါင်းပေါ်က ငှက်ကိုကြည့်လိုက်သည်၊
'ဒန်က ငါ့အလှည့်တုန်းက နာမည်တောင် မေးဖို့ စိတ်မဝင်စားခဲ့ဘူး...ဒီငှက်ကျတော့'
မိုးကြိုးငှက်လေးဟာ ဂျော့ဖရေးရဲ့စူးရှတဲ့အကြည့်တွေကြောင့် ကြောက်လန့်သွားကာ ဒန်နာရီရဲ့နောက်ပြေးဝင်ပုံးတော့သည်၊ဒါနဲ့မပြီးဘူး မိုးကြိုးငှက်လေးဟာ တကျိကျိနဲ့ မသိရင် ဒန်နာရီကို တိုင်တောနေသလိုပင်၊
"အဟမ်း အဲ့ကောင်လေးမှာ နာမည်မရှိသေးဘူး" ဂျော့ဖရေးဟာ မိုးကြိုးငှက်ကို မကျေမနပ်ကြည့်လိုက်ပြီးနောက်မှာ စိတ်မသက်မသာစွာပြုံးလိုက်ပြီး ပြောလိုက်သည်၊
"နာမည်မရှိဘူးပေါ့" ဒန်နာရီဟာ လက်ဝါးဖြန့်လိုက်ချိန်မှာ သူရဲ့လက်ဝါးကြားထဲဝင်လာတဲ့မိုးကြိုးငှက်လေးကို ကြည့်ရင်းမေးလိုက်သည်၊မိုးကြိုးငှက်လေးဟာလည်း သူ့စကားကို နားလည်သည့်ပုံစံဖြင့် ခေါင်းညိတ်လာတော့သည်၊
"အာလ်နွန့်ရစ်" ဒန်နာရီဟာ မိုးကြိုးငှက်လေးကို နာမည်မှည့်လိုက်ချိန်မှာ မိုးကြိုးငှက်လေးရဲ့အပြုအမူဟာ ထူးခြားသွားတော့သည်၊မိုးကြိုးငှက်​လေးရဲ့အပေါ်ခေါင်းမွှေးဟာ အဝါရောင်ဘက်ကို ပြောင်းလဲသွားတာ အမှတ်တမဲ့ကြည့်ရင် 'အာလ်နွန့်'အောင်နိုင်သူ ဒါမှမဟုတ် သရဖူဆိုသည့် အဓိပ္ပါယ်အရ သရဖူသေးသေးလေးဆောင်းထားသလိုပင်၊
"အာလ်နွန့်နစ် ဒီနေ့ကစပြီး ဒန်နာရီကို မင်းစောင့်ရှောက်ရမယ်မှတ်ထား ကြားလား" ဂျော့ဖရေးကလည်း ဒန်နာရီပေးတဲ့နာမည်အတိုင်း သူ့ငှက်ကိုခေါ်လိုက်ပြီး ပြောလိုက်တော့ မိုးကြိုးငှက်ဟာနားလည်စွာ ဒန်နာရီရဲ့ပခုံးဆီ ပျံဝဲကာ ပခုံးပေါ် ဆင်းသက်ရင်း အနားယူနေတော့သည်၊
"ကိုကို ပြန်ပြီနော် ဒန်" ဂျော့ဖရေးဟာ ကလေးငယ်တစ်ယောက်ကို အလိုလိုက်ချော့မော့နေသည့်အသံဖြင့် နူးညံ့စွာပြောလိုက်သည်၊ဒန်နာရီဟာလည်း ခေါင်းညိတ်လိုက်ပြီး လှည်းပေါ်တက်သွားကာ ထွက်သွားသည့်သူကို အဆုံးထိလိုက်ကြည့်နေမိသည်၊