အခန်း ၈

Start from the beginning
                                    

" မြိုင် ။ ညိုလေးကို ခေါ်သွားလို့တော့ ရတယ် ။ ဒါပေမယ့် ။ အစ်ကို ဘာအသံမှ မကြားချင်ဘူး မြိုင် ။ "

" ဘာ ။ ရှင် ဘယ်လိုပြောလိုက်တာလဲ ကိုမြင့်မောင် ။

ရှင်နဲ့ကျွန်မအပေါ် ကြီးကြီးရဲ့ကျေးဇူးတွေ ဘယ်လောက်အထိ ရှိနေသလဲဆိုတာ ရှင်မေ့နေပြီလား ။

ကျေးဇူးကန်းနေတာလား ကိုမြင့်မောင် ။ "

" ဒီမှာ မြိုင် ။ အစ်ကို ကျေးဇူးကန်းနေတာ မဟုတ်ဘူး ။ တစ်လင်တစ်မယားစနစ်မှာ အစ်ကိုဒီလိုနောက်မိန်းမယူလိုက်တာကို မြိုင့်ရဲ့ကြီးကြီး မကြည်ဖြူနိုင်ဘူးဆိုတာ အစ်ကိုသိတယ် ။ "

" ဒါဆို ဘာ့ကြောင့် ဒီလိုလုပ်ရက်တွေ လုပ်ခဲ့သေးလဲ ။ အခုမှ ရှောင်ပြေးချင်တာ ယောက်ျားမဟုတ်ဘူးနော် ကိုမြင့်မောင် ။ ထဘီဝတ်ထားသင့်တယ်ရှင့် ။ "

" မြိုင် ။ အစ်ကို သိက္ခာကို မစော်ကားနဲ့ ။ လက်ရှိမှာ အစ်ကိုက မြိုင့်ရဲ့တရားဝင်ယောက်ျား ဖြစ်နေဆဲဆိုတာ မြဲမြဲမှတ်ထား ။ "

" သိက္ခာ ။ ဘာသိက္ခာလဲ ကိုမြင့်မောင် ။

ရှင် ဒီလိုမိန်းမရှုပ်ပွေနေတာကျ သိက္ခာရှိနေတယ်ပေါ့ ။

ဟုတ်ပါတယ် ။ ရှင်က စမာကလာတွေနဲ့ မရှုပ်မိတာ တစ်ခုပဲ ။ "

" မြိုင် ။ "

ပါးရိုက်ဖို့အထိကို လက်ရွယ်လိုက်တော့သည် ။ ပါးရိုက်ဖို့မပြောနဲ့ တစ်ခါမှ လက်ဖျားနဲ့တောင် နာကျင်အောင်မလုပ်ဖူးတဲ့ ကိုမြင့်မောင်ဟာ ဒီမယားငယ်အတွက်နဲ့ မမမြိုင်ကို ပါးရိုက်ဖို့ လက်ရွယ်လိုက်သည်ကို မမမြိုင်တုန်လှုပ်သွားခဲ့သည် ။ ရင်ထဲမှာ သံချွန်စူးကြီးထိုးစိုက်သလို နာကျင်လာပြီး မျက်ရည်တွေဝေ့တက်လာခဲ့ရသည် ။

တုန်ရီနေတဲ့ အသံတွေကို အတတ်နိုင်ဆုံး ဖုံးကွယ်ကာ မမမြိုင်ပြောသည် ။

" ရိုက်မယ်ပေါ့ ။ ရိုက်လေ ။ ရိုက်လိုက်စမ်းပါ ။

၁၈နှစ်အတွင်း ရှင် ပါးရိုက်တာကို ခံဖူးတယ်ရှိအောင် ရိုက်လိုက်စမ်းပါ ကိုမြင့်မောင် ။ "

သွေးကြောမျှင်များထောင်နေသည်အထိ ကိုမြင့်မောင်လည်း ဒေါသထွက်နေပေသည် ။ သို့ပေမယ့် သူ မရိုက်ရက် ။ မရိုက်နိုင်ဘူး ။ နှုတ်ခမ်းနဲ့ပဲ နွေးထွေးစေခဲ့တဲ့ ဒီပါးပြင်ကို ကိုမြင့်မောင်မရိုက်ရက် ။

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now