အပိုင်း(၁၇၇)

Start from the beginning
                                    

တကယ်တမ်းတွင်... သူသည် ဆရာဖြစ်သူ၏နောက်သို့ မလိုက်ခဲ့လျှင်သော်မှ ထန်ကျန့်အား ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် ထွက်သွားရပေမည်။

"အားဟူနဲ့ တခြားညီအစ်ကိုတွေ ငါ့ကို မှောက်သွားအောင် တိုက်ကြမှာ ကြောက်မိတယ်"

ကျောက်ဖုန်း ညင်သာစွာ ပြုံးလိုက်ပြီး လမ်းလျှောက်နေသည့် အရှိန်ကိုတင်လိုက်သည်။

သူသည် စိတ်ကူးယဉ်ဆန်သည့် လူမဟုတ်ပေ။ ညီအစ်ကိုများအား နှုတ်ဆက်ရမည်ဆိုသော်လည်း တစ်ယောက်နှင့်တစ်ယောက် ပြန်မတွေ့ရတော့ဟု မဆိုလိုပေ။ တက္ကသိုလ်ကောလိပ် အောင်မြင်ပြီးဆုံးချိန်တွင် အခန်းဖော်များအား နှုတ်ဆက်ရန် ခက်ခဲသကဲ့သို့ပင်။ သူတို့ဘဝတွင် တစ်ယောက်နှင့်တစ်ယောက် အဆက်အသွယ်ရှိနေသေးပေသည်။

ဌာနချုပ်သည် အဆင့်မြင့်နိုက်ကလပ်တစ်ခုလည်း ဖြစ်သည်။

ငွေမည်းများကို ထားဘိဦး ဖျော်ဖြေရေးနေရာများသည်ပင် ငွေအမြောက်အများ ရှာနိုင်၏။ ၎င်းကို လူသားတို့အတွက် နိဗ္ဗာန်ဘုံ သို့မဟုတ် လူတို့၏စိတ်ဆန္ဒများကို ထုတ်ဖော်စေနိုင်သည့် နေရာဟု ခေါ်ဆိုလျှင် လွန်မည်မထင်။

နိုက်ကလပ်၏အမည်မှာ ဖုန်းမင်ဖြစ်သည်။ ဆိုင်းဘုတ်ပေါ်မှ ဖုန်း ဆိုသည့် စာလုံးကို ကြည့်ခြင်းဖြင့် လူအများက ကျောက်ဖုန်းမှာ ဤနေရာတွင် ရှိနေရန် ကြိုတင်သတ်မှတ်ထားသည်ဟု ဆိုကြ၏။

ထိုအချိန်တွင် နိုက်ကလပ်၏ငါးလွှာခန်းမတွင် လူ ၂၀ ကျော် စုဝေးနေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အခန်းတစ်ခုချင်းစီတွင် ညီငယ်များမှာ အော်ဟစ်ကာဖြင့် အခြားညီအစ်ကိုများအား ဖုန်းခေါ်နေခဲ့ကြသည်။

"ငါးလွှာကို မြန်မြန်ပြန်လာခဲ့။ အစ်ကိုဖုန်းပြန်လာပြီ။ သူက ငါတို့အားလုံးနဲ့ ညစာစား ချင်တယ်တဲ့"

ကျောက်ဖုန်းမှာ အရှိန်အဝါကြီးမားပေသည်။ အစ်ကိုဖုန်းက ညစာစားရန် ခေါ်နေသည်ဟု ကြားသည်နှင့် အရက်သောက်နေသူ၊ အင်တာနက်ဆိုင်ရောက်နေသူ၊ သီးသန့်ခန်းတွင် မိန်းမလှလေးများဖြင့် အိပ်နေသူများအပါအဝင် အားလုံးသည် သူတို့လုပ်နေသည့်အရာများကို ချက်ချင်းရပ်တန့်ကာ အမြန်ပြန်လာကြ၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now