အပိုင်း(၁၆၆)

Start from the beginning
                                    

"အဆုံးသတ်သွားပြီလား။ ငါနဲ့ရှင်းပြီးရင်လား။ ဟားဟားဟား..." ထန်ကျန့်က ရယ်သည်။

သူ၏ရယ်သံမှာ အလွန်ရယ်စရာကောင်းသည့် ပျက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ပင်။ ချက်ချင်းပင် သူ၏အပြုံးမှာ မှိန်ဖျော့သွားပြီး သူ၏မျက်နှာမှာ မှုန်မှိုင်းလာသည်။ သူသည် အေးစက်စွာဖြင့်

"မင်းက ငါ့ရဲ့သတ္တုစပ်တံခါးကိုတောင် မဖွင့်နိုင်ဘူး။ မင်းတို့နှစ်ယောက်ပဲ ကိစ္စရှင်းသင့်တယ်။ ကျောက်ဖုန်း ကျောက်ဖုန်း...မင်းက ငါ့အိမ်ကို မွှေချင်တိုင်းမွှေသွားပြီးမှတော့ ငါကမင်းကို လွယ်လွယ်သွားခွင့်ပြုမယ် ထင်လို့လား"

"ဟားဟားဟား..." ကျောက်ဖုန်းသည် ခေါင်းကိုယမ်းကာ မချိပြုံးပြုံးလိုက်သည်။

"မင်းရဲ့ဘေးကို ပြန်ကြည့်စမ်းပါဦး။ ဘယ်မှာလဲ လန်ဖုန်း။ သူတို့အခု မရှိတော့ဘူးမလား။ သူက ဘယ်တော့မှ အန္တရာယ်တောထဲကို ခုန်မဆင်းဘူး။ အခုလည်း မင်းရဲ့လျှို့ဝှက်ခန်းက လုံခြုံသွားပြီလို့ထင်နေတာ မင်းတစ်ယောက်တည်းပဲရှိတယ်"

"ဒါပေမယ့် တကယ်တော့ မင်းက..." ကျောက်ဖုန်း ဆက်ပြောသည်။ သူသည် ညာလက်ကို ဆန့်ထုတ်ကာ လက်ညှိုးထောင်လိုက်ပြီး ကင်မရာရှေ့တွင် အနည်းငယ် ယမ်းပြလိုက်၏။

"မင်းက စွမ်းအားအကြောင်းကို ဘာမှမသိဘူး"

ကျောက်ဖုန်းသည် ထန်ကျန့်အား စကားပြန်ပြောခွင့်မပေးတော့ဘဲ ကင်မရာအား လက်သီးဖြင့် ထိုးကာ ဖျက်ဆီးပစ်လိုက်သည်။

"တာဟေး လုပ်တော့"

ကျောက်ဖုန်း ကင်မရာအား ဖျက်ဆီးလိုက်သည်ကို မြင်သည့်ခါ ထန်ကျန့် ဒေါသထွက်သွားသည်။ ထိုနောက်တွင် သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး စိတ်ထဲတွင် တစ်စုံတစ်ရာအား ပြန်သတိရသွားသည့်ပုံပင်။

"ဟုတ်သားပဲ"

ကျောက်ဖုန်း၏စကားများက သူ၏မှတ်ဉာဏ်များအား လှုံ့ဆော်ပေးသွားခဲ့သည်။

"လန်ဖုန်းနဲ့ ကျန်တဲ့နှစ်ယောက် ဘယ်ပျောက်နေတာလဲ"

ထန်ကျန့်မှာ ထိုအတွေးဖြင့် တုန်လှုပ်သွား၏။ လန်ဖုန်းသည် သူ၏နံပါတ်တစ်ဗျူဟာမှူးဖြစ်ပြီး အိုင်ကြူမြင့်အားကာ မည်သည့်အခါမျှ သူ့ကိုယ်သူ အန္တရာယ်ရှိသည့်အရာမျိုး မလုပ်ချေ။ ယခု သူသည် အနားတွင် မရှိတော့သည်မှာ မည်သည်ကို ဆိုလိုပါသနည်း။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now