အပိုင်း(၁၄၂)

Start from the beginning
                                    

"အဲဒီမိန်းမက ဘယ်သူလဲ"

လီအန်နာ၏ ကျန်းဟန်အပေါ် အပြုံးက ဇီယန်ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။ ထို့ကြောင့် သူမက ခပ်တန်းတန်းဖြင့်

"သူမက ဘယ်သူလဲ"

ထိုအခါမှသာ ကျန်းလီ၏မျက်လုံးများက ငန်းမဆလာဟင်းထံမှာ ပြန်ခွာလာ၏။ ဇီယန်၏စကားကို ကြားသည့်အခါ သူမက ပြုံးကာ ပြန်ဖြေသည်။

"ယောင်းမ ငါမိတ်ဆက်ပေးမယ်။ သူက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း လီအန်နာ။ အန်နာ ဒါက ငါ့ရဲ့ ယောင်းမချောချောလေး"

"အာ..." လီအန်နာ အမြန်ထရပ်ကာ ဇီယန်၏ရှေ့သို့ လျှောက်သွားသည်။ သူမ ပြုံးကာ လက်ဆန့်လိုက်၏။ သူမ၏နာမည်ကို မသိသလို သူမအား ယောင်းမဟူ၍လည်း မခေါ်ချင်သဖြင့် "မင်္ဂလာပါ" ဟုသာ တန်းနှုတ်ဆက်လိုက်သည်။

"အင်း မင်္ဂလာပါ" ဇီယန်ပြုံးလိုက်၏။ လက်ဆွဲနှုတ်ဆက်ပြီးနောက် သူမသည် ဦးထုပ်နှင့် နေကာမျက်မှန်ကို ချွတ်လိုက်သည်။

"ဟမ်"

ဇီယန်၏နူးညံ့သည့် ပါးပြင်လေးအား မြင်လိုက်ရသည့်အခါ လီအန်နာ အေးခဲသွား၏။ သူမသည် မုန့်မုန့်၏မေမေက ထိုမျှအထိ လှပလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူမ ဇီယန်အား သေချာကြည့်လေလေ တစ်နေရာရာတွင် တွေ့ဖူးသလိုမျိုး ပို၍ရင်းနီးလေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် လွန်ခဲ့သည့်နှစ်ရက်က ကျန်းလီပြောခဲ့သည့်အကြောင်းကို ပြန်သတိရသွား၏။ သူမသည် အံ့ဩတကြီးဖြင့် ပါးစပ်ဟကာ

"ဇီယန်...မင်းက ဇီယန်လား"

"အမ်ဟမ်...ဟုတ်တယ်...သမီးမေမေရဲ့နာမည်က ဇီယန်။ သူမက အလှဆုံးမိန်းကလေးပဲ" ဆိုဖာပေါ်တွင် ထိုင်နေသည့် မုန့်မုန့်လေးက ခြေထောက်လေးများကို ယမ်းကာ လေးနက်မှုအပြည့်ဖြင့် ပြောသည်။

"သူမက အရမ်းလှတာပဲ" လီအန်နာ နှုတ်ခမ်းကိုသပ်လိုက်ပြီး ခံစားချက်များ ရောထွေးကာဖြင့် ပြောလိုက်သည်။

"မုန့်မုန့်လို လှပပြီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို ဘယ်သူကများ မွေးပေးခဲ့တာလည်း အရမ်းသိချင်နေတာ။ လက်စသတ်တော့ ဇီယန်ဖြစ်နေတာကိုး...။ ငါနားလည်သွားပြီ။ အာ...မင်္ဂလာပါ အစ်မဇီယန်"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now