အပိုင်း(၁၄၂)

Start from the beginning
                                    

သို့သော် ငန်းအသည်းမှာ အများအပြားမရှိသဖြင့် ကျန်းဟန်သည် တစ်ယောက်လျှင် တစ်တုံးစီသာ ပေးခဲ့ပြီး ၎င်းက လျန်မုန့်ချီတို့အတွက် လုံလောက်ပေသည်။

"ကျေးဇူးတင်ပါတယ် သူဌေး"

"ကျေးဇူးတင်ပါတယ် သူဌေး"

သူတို့သည် ကျန်းဟန်အား အကြိမ်ကြိမ် ကျေးဇူးတင်ကြ၏။

သို့သော် ထိုမြင်ကွင်းကာ တစ်ဖက်ရှိ သာမန်စားသုံးသူများကို မနာလိုဖြစ်သွားစေသည်။

မန်ဘာကတ်၏ဈေးနှုန်းမှာ အိပ်မက်ပင်မမက်ရဲလောက်အောင် ဈေးကြီးသော်လည်း သူတို့သာ အဖွဲ့ဝင်ဖြစ်လာခဲ့ပါက သူဌေးထံတွင် အရသာရှိသည့် ဟင်းပွဲများကို တောင်းဆိုနိုင်၏။ တစ်ချိန်တည်းမှာပင် ဝန်ဆောင်မှုပေးသင့်သည့် စားသောက်ဆိုင်တွင် ဧည့်သည်ဖြစ်သည့် သူတို့က မမျှော်လင့်ဘဲ ပြန်၍ တောင်းဆိုနေရသည့် လက်တွေ့အဖြစ်အတွက် မလွှဲသာမရှောင်သာ သက်ပြင်းချလိုက်သည်။

အကယ်၍ ထိုအကြောင်းသာ သတင်းပျံ့သွားလျှင် တကယ့်ကိစ္စအကြီးကြီးပင်ဖြစ်သွားပေမည်။ ဤစားသောက်ဆိုင်၏သူဌေးက အလွန်မာနကြီးအထက်စီးဆန်သည်ဟု လူပေါင်းများစွာက ယူဆကြပေလိမ့်မည်။

သို့သော်...သူက မာနကြီးပါသလော။ ထိုအဖွဲ့ဝင်များ၏ ပျော်ရွှင်နေသည့်မျက်နှာများကို ကြည့်ခြင်းဖြင့် သူတို့၏နှလုံးသားအောက်ခြေမှ စစ်မှန်စွာဖြင့် သူဌေးအား ကျေးဇူးတင်ကြခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ကျန်းဟန် သူတို့အတွက် ငန်းအသည်းများ ချန်ထားခဲ့သည်နှင့် ဇီယန်နှင့်ကျိုးဖေးတို့လည်း ဝင်လာကြ၏။ ဇီယန်သည် ဦးထုပ်နှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူမ ဝင်လာပြီးနောက်တွင် ငန်းမဆလာဟင်း၏မွှေးရနံ့ကို ရရှိလိုက်သည်။

"ဟင်းက ကျက်နေပြီပေါ့။ ဟီးဟီး...ခဲအိုက အရမ်းတော်တာပဲ။ မြန်မြန် မြန်မြန်" ကျိုးဖေးသည် အပေါ်ထပ်သို့ အမြန်တက်သွားသည်။

သို့သော် ဇီယန်သည် အပေါ်ထပ်တွင် ကျန်းလီနှင့်အတူထိုင်နေသည့် လီအန်နာကို တွေ့လိုက်ရသည့်အခါ အနည်းငယ် စိတ်ရှုပ်သွားပြီး ရန်လိုလာခဲ့သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now