"ငါမှတ်မိသလောက်ဆို
အရင်က မင်းတစ်ပတ်တစ်ခါပဲသုံးတယ်မှတ်လာ
အခုတစ်ပတ်ကိုသုံးခါရှိနေပြီး"

ယွန်ဂီအသံကြောင့်
ဂျောင်ကုမှာမှိန်းနေသောမျက်လုံးအစုံအားဖွင့်ကာ
နှာခေါင်းအားတစ်ချက်ပွတ်ပြီး
ဆိုဖာအားမှီကာ ဆက်ပြီးမှိန်းနေလိုက်သည်။

"ငါလည်း မသိဘူးယွန်ဂီရာ.."

စားပွဲပေါ်တွင်ပြန့်ကြဲနေသော
ငွေရောင်လက်လက်စက္ကူစများနှင့်
ဘိန်းဖြူ အမှုန့်များ။
ငွေရောင်စက္ကူပေါ်တွင်
အဖြူရောင်အမှုန့်များက တင်ကျန်နေသေးတာကြောင့်
ဂျောင်ကု အခုပဲသုံးပြီးကြောင်းယွန်ဂီနားလည်လိုက်သည်။

"ဒီလိုဆက်လုပ်နေရင် မင်းဆေးဆွဲသွားလိမ့်မယ်"

"ဒါဆို မင်းငါ့ကိုတားကြည့်လေ"

"စိတ်ကူးမရှိဘူး"

ဘောက်ဆတ်ဆတ်ပြောပြီး
ငွေရောင်စက္ကူတစ်ခုအားထယ်ယူကာ
ဆေးမှုန့်များသွန်ချနေသည့်ယွန်ဂီကြောင့်
ဂျောင်ကု ခပ်ဟဟရယ်မိသည်။

ယွန်ဂီဆိုသည့်လူကလူတစ်မျိုး။
သူမကောင်းတာလုပ်ရင် တားမည့်သူမဟုတ်ပဲ
သူကပါလိုက်လုပ်တဲ့လူမျိုး။
သူရန်ဖြစ်ရင် အုတ်ခဲရှာပေးမဲ့လူမျိုး။
သူလူသတ်ရင်အလောင်းဖျောက်ပေးမဲ့လူမျိုး။

"မင်းဒါတွေကိုဘယ်က ပိုက်ဆံနဲ့ယူလာတာလည်"

ဆေးရှိန်ကြောင့် မျက်လုံးများနီလာပြီး
မျက်ရိုးကို နှိပ်ရင်းမေးလာသည့်ယွန်ဂီ။

"ဂျော်နီဆီက အကြွေးနဲ့ယူလာတာ"

"Hk ငါထင်သားပဲ မင်းအိမ်က ပိုက်ဆံမရမှတော့ သူတောင်းစားဖြစ်တော့မယ်ဆိုတာ"

"ခွေးသူတောင်းစား
ငါ့ပစ္စည်းကိုကပ်သုံးပြီးငါ့ကိုဖဲ့တယ်"

ယွန်ဂီ၏သဘောတကျရယ်သံမှာ တူညံသွားသည်။
ဂျောင်ကုလည်းဆက်မပြောတော့ပဲ
တန်ဖိုးရှိသည့်အချိန်တွင် အရှိန်မပြယ်သေးတာကြောင့်
မှိန်းနေလိုက်သည်။

LOADING.....

ဟတ်ချိုး!!!!

ထယ်ယောင်းမှာအအေးမိနေတာကြောင့်ယ
အညိုရောင် အနွေးထည်အကြီးကြီးနှင့်
ခေါင်းစွပ်ကိုပါစွပ်ကာ
စောင်ပုံထဲတွင် ကွေးနေရသည်။

Loading.. [COMPLETE]Where stories live. Discover now