"မင်းမျက်နှာက မကိုက်ဘူးလာ
ဒီလောက် အညိုအမဲစွဲနေတာကို"

ယွန်ဂီမှာဘာမှမဖြေပဲ
ခေါင်းကိုသာငုံ့ထားကာ
ကား စတီယာအား တင်းနေအောင်ဆုပ်ထားသည်။

"မျက်နှာဒီဘက်လှည့် ဆေးထည့်ပေးမယ်"

"မလိုဘူး"

"ယွန်ဂီ ရာ...."

ထိုဂျီမင်ဆိုသောလူသားမှာ
ယွန်ဂီ၏ပျော့ကွက်ကိုတော်တော်သိသည်။
ထိုသူ၏ခပ်ချွဲချွဲခေါ်သံအဆုံး
အရာအားလုံးကိုအရှုံးပေးလိုက်ရသူမှာ ယွန်ဂီပင်။

"အ!"

"နည်းနည်းပဲနာမယ် ဒဏ်ရာတွေကစပ်နေမှာသေချာတယ်"

ဆေးထည့်ပေးရင်းဖြင့်
အနာများအား
နှုတ်ခမ်းဖူးဖူးလေးဖြင့် မစပ်အောင်
လေမှုတ်ပေးလာတာကြောင့်
ယွန်ဂီတံတွေးအကြိမ်ကြိမ်မြိုချနေမိသည်။

"မြန်...မြန်မြန်လုပ်"

"အင်း..ပြီးပြီး"

နှုတ်ခမ်းထောင့်မှ ဒဏ်ရာအားဆေးထည့်ပေးကာ
ဂျီမင်လက်စသတ်လိုက်ပြီး
ဆေးသေတ္တာအားပြန်ပိတ်လိုက်သည်။

ယွန်ဂီမှာကားစက်အားပြန်နှိုးပြီး
ဘာစကားမှမပြောပဲ
ဂျီမင်၏အိမ်ရှေ့အထိမောင်းလာခဲ့သည်။

"ရောက်ပြီး ကျွန်တော်အထဲမလိုက်တော့ဘူး"

"ကျေးဇူးပါ ယွန်ဂီ"

"မလိုဘူး"

ယွန်ဂီမှာကားပေါ်ကဆင်းပြီး
ဂျီမင်အားတံခါးဖွင့်ပေးလိုက်ကာ
ခရီးဆောင်အိတ်ကိုပါတစ်ခါတည်းချပေးလိုက်ပြီး ကားပေါ်ပြန်တက်သွားလိုက်သည်။

"ဂရုစိုက်မောင်းနော်ယွန်ဂီလေး"

ယွန်ဂီမှာခေါင်းတစ်ချက်ညိတ်ပြီး
ဂျောင်ကု၏တိုက်ခန်းသို့သာပြန်မောင်းလာခဲ့သည်။
ပတ်ဂျီမင်က စုန်းကဝေနှင့်တူသည်။
လူကိုရူးအောင်အမျိုးမျိုးပြုစားနိုင်သည့်လူမျိုး။
ထိုကြောင့် ထိုသူ့နားတွင် ခပ်ကြာကြာမနေပဲ မြန်မြန်သာပြန်လာခဲ့လိုက်သည်။

တိုက်ခန်းပေါ်တက်လာတော့
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်
ယွန်ဂီမှာ အသာ ကျစ်စုတ်လိုက်မိသည်။

Loading.. [COMPLETE]Where stories live. Discover now