" နုငယ် စားလို့ဝရဲ့လား တခြားဘာစားချင်
တာရှိသေးလဲ လူကောင်ကြီးအောင်များများ
စားရမယ်နော်"" ဝပါတယ် "
" ကလေးလိုဘဲစားနေတာက ပေကုန်ပြီ"
ရွှေအိုးက နုငယ်နှုတ်ခမ်းကပေနေသည့်
ပါမုန့်ဖက်အားယူကာပါးသပ်ထဲထည့်လိုက်
သည်။"ရွှေအိုး! ဟင်းဟင်းမင်းနာတော့မယ်"
"ဗျာ ကိုကြီး သာသာဘာလုပ်မိလို့လဲ"
ရွှေအိုးကမျက်လုံးပေကလပ်ပေကလပ်ဖြင့်
လူရိုးလေးပုံစံဖမ်းကာပြန်မေးလိုက်သည်။" လူကခွေးပစ်တဲ့တုတ်လောက်နဲ့ ငါမပြော
လိုက်ချင်ဘူး""ကိုကြီးကျတော့ အသက်ကဖင်စောင့်နေပြီ
ခုထိယောက်ဖခွန့်ပေးတာစားတုန်းမလား"" ခွီးး"
"ကိုကိုနော် ဘာရီတာလဲ "
"အဟမ်း မရီပါဘူး စားစားဖြေးဖြေးလေးဝါး
အသက်လေး"အသက်လဲ ညီဖြစ်သူကိုမျက်စောင်းထိုးကာ
မုန့်ဆက်စားနေလိုက်သည်။ ချစ်သက်တို့လဲ
မနက်စာစားပြီးတာနဲ့ကလေးနှစ်ယောက်အား
ခေါ်ကာကျောင်းပို့ပေးလိုက်ပြီးနောက် ချစ်သက်
အလုပ်ရှိရာသို့ထွက်လာလိုက်သည်။" ကိုကို ဟိုသတင်းကကိုကို့လက်ချက်လား"
" အသက် ဒယ်ဒီလုပ်တာထင်တယ် "
"ဒယ်ဒီကလား ဖြစ်နိုင်ပါတယ် ပါးပါးငိုသွား
တယ်ဆိုတော့ ဒါသူမကိုတော်တော်ငဲ့ထား
လို့ဒီလောက်နဲ့ပြီးသွားတာ "" အသက် ဒယ်ဒီကကြောက်စရာကြီးလုံးဝ
မထင်ရဘူး"" ဒီလောက်နဲ့ဟိုဘက်ကမရပ်လောက်ဘူး
သူတစ်ခုခုပြန်လုပ်မယ်ထင်တယ်"" အင်း"
တစ်ဖက်တွင် မိန်းမတစ်ယောက်ဟာမှောင်မဲနေ
သည့်အိမ်လေးထဲတွင် လူတစ်ယောက်နဲ့
မျက်နှာချင်းဆိုင်ထိုင်နေသည်။" ဒီအစီရင်ကမအောင်မြင်ရင် မင်းအသက်ကိုစတေးရမှာနော် တစ်လ အဲ့တစ်လအတွင်း
သူတို့ကအစီရင်ဖျက်နိုင်ရင်တကယ်မင်သေပြီး
သူတို့ကမဖျက်စီးနိုင်ရင်တော့ မင်းနိုင်တယ်"
YOU ARE READING
ထာဝရထက်တစ်ရက်ပိုသည် / ထာဝရထက်တစ်ရက်ပိုသည် (Completed)
Romanceတိုရှည် S - 2 Started - 24.6.2022 Ending - 13.7.2022
part 8
Start from the beginning