"ထိုင်ညီမလေး..."
"ကိုကို ပန်းသွေးကိုဘာပြောစရာရှိလို့လဲဟင်"
"အင်း...ဘာပြောစရာရှိလို့လဲဆိုတော့ ကိုကိုတို့ နေဝန်းမာယာအကြောင်းပြောဖို့အချိန်တန်ပြီထင်တယ်ညီမလေး"
ပန်းသွေးဘက်ကဘာမှမပြောလာသော်ငြားလဲ ကိုယ့်ညီမတစ်ယောက်လုံးက အခတ်အခဲများစွာကိုကျော်ဖြတ်နိုင်ခဲ့သော်လဲ ဆေးရုံကဆင်းပြီးကထဲက စာမလာသတင်းမကြားပျောက်သွားသော နေဝန်းကိုသူကိုယ်တိုင်လဲနားမလည်ခဲ့ပါ။
သူကိုယ်တိုင်ခဲရာခဲစစ်သွားကယ်ထားသည့်သူချစ်တယ်လို့ပြောဖူးသည့်လူတစ်ယောက်ကိုအဘယ်ကြောင့်ထိုသို့ထားခဲ့သနည်းဆိုသည်ကိုသိချင်၍ တမင်ဟိုတယ်အကြောင်းပြကာ နေဝန်းရှိနိုင်မည့်ရှမ်းပြည်သို့သွားခဲ့ရသေးသည်။
"ကိုကို့ဘက်ကကိုယ်တိုင်ထုတ်မပြောချင်ပေမဲ့ ညီမလေးတို့နှစ်ယောက်အကြောင်းကို ကိုကိုသိနေခဲ့တယ် နောက်ပြီး နေဝန်းမာယာ ကလဲ ကိုယ်တိုင်ထုတ်ပြောဖူးထားတာမို့ ကိုကိုအခြေအနေစောင့်ကြည့်ရင်းဘာမှမပြောခဲ့တာ"
"ညီမလေး သူ့အကြောင်းမကြားချင်ဘူး ကိုကို ရယ် ညီမလေးကိုတောင် ဘာစကားတစ်ခွန်းမှပြောမသွားပဲသူထားခဲ့ရက်နိုင်ခဲ့တာ"
"မဟုတ်ဘူးညီမလေး သူညီမလေးကို ထားခဲ့တာမဟုတ်ဘူး ဒီအကြောင်းတွေကိုကို့ဆီကနားထောင်တာထပ် ကာရကံရှင်ပြောတာကိုကိုယ်တိုင်နားထောင်သင့်တယ်လို့ကိုကိုထင်တယ် ဒါကြောင့် ကိုကို ညီမလေးအတွက် လေယာဥ်လက်မှတ်စီစဥ်ပေးထားတယ် နောက်ပြီး တစ်ဆင့်သွားဖို့လာဖို့အတွက်လဲ အကုန်စီစဥ်ပေးထားတာကြောင့် ညီမလေးသူနဲ့တစ်ခါလောက်တော့သွားတွေ့လိုက်ပါလို့ကိုကိုပြောချင်တယ်"
ကားအက်ဆီးဒင့်ဖြစ်တော့သူမဘေးမှာ နေဝန်းရှိနေသည်ကိုသိသည်၊ ဒါပေမဲ့ သူမပြန်နိုးလာသည့်အခါ အရင်ကလိုသူမဘေးမှာရှိနေတက်တာ နေဝန်းမဟုတ်တော့ဘူး၊ ဘာစကားတစ်ခွန်းမှမပြောပဲသူမဘေးနားကပျောက်သွားခဲ့တာနေဝန်းဖြစ်နေခဲ့တာ။
တပ်ဆင်ထားခြင်းမရှိပါဆိုတဲ့ဖုန်းနံပါတ်ကိုအကြိမ်ကြိမ်ဆက်နေမိတာသူမဖြစ်နေတာ၊ သူနဲ့ပတ်သက်တဲ့သူတွေဆီကနေဘာသတင်းမှမရခဲ့တာ၊ သူ့နောက်ကိုစိတ်သွားတိုင်းကိုယ်မပါမလိုက်နိုင်တော့တဲ့ခြေထောက်တစ်ဖတ်နဲ့ဖြစ်နေခဲ့ရတဲ့သူမက သိမ်ငယ်စိတ်တွေဖြစ်နေခဲ့ရတာ။