သူနာကျင်နေတာကို မြင်ရတော့ ကျွန်တော် အတော်လေး အကူအကယ်မဲ့သလို ခံစားနေရတယ်။ အနောက်ကနေ သူ့ကို ပွေ့ဖက်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အားလုံးအချည်းနှီးသာဖြစ်နေခဲ့တယ်။

ကျွန်တော် သူ့ဘေးနားမှာ ရှိနေပါတယ်ဆိုတာ ကျွန်တော် သူ့ကို တကယ်ပြောပြချင်မိတယ်။

သူ ဒီလောက်ထိ ခံစားနေရဖို့ မလိုသလို ကျွန်တော့်အပေါ်မှားခဲ့တယ်လို့ ခံစားနေစရာလည်း မလိုဘူး။

ဒါပေမယ် ဝမ်းနည်းစရာကောင်းလောက်အောင် ကျွန်တော် သူ့ကို ခွင့်လွှတ်ပေးတယ်ဆိုရင်တောင်မှ ကိစ္စတွေကို နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

တစ်ခါတုန်းက ကဗျာဆရာတစ်ယောက်က သိပ်ကို အတ္တကြီးစွာ ပြောခဲ့တာကို ကျွန်တော် မှတ်မိသေးတယ် 'ကမ္ဘာပေါ်မှာ အကြီးမားဆုံးဝေးကွာခြင်းက သေခြင်းနဲ့ ရှင်ခြင်းမဟုတ်ဘူး'တဲ့။

ဘယ်လိုတောင် အဓိပ္ပါယ်မရှိလိုက်တဲ့စကားစုလဲ။

ဒီလိုရေးခဲ့တဲ့လူက သေခြင်းနဲ့ရှင်ခြင်းရဲ့ ဝေးကွာမှုကို မကြုံဖူးသေးတာ သေချာတယ်။

သေခြင်းနဲ့ရှင်ခြင်း ဝေးကွာမှုက သူ့နှလုံးသားနဲ့ ကျွန်တော့်နှလုံးသားကြားက ဝေးကွာမှုလောက်တောင် မရှိဘူးလို့ တစ်ချိန်က ကျွန်တော်လည်း တုံးအစွာ ထင်မှတ်ခဲ့တယ်။

ဒါပေမယ့် ကျွန်တော် ဆိုးဆိုးရွားရွား မှားယွင်းနေခဲ့တယ်ဆိုတာကို အခုချိန်မှ သိလိုက်ရတယ်။

သူ့ရှေ့မှာ ကျွန်တော်ရပ်နေလို့ ကျွန်တော့်ရဲ့တည်ရှိမှုကို အသိအမှတ်မပြုဘူးဆိုရင်တောင် အဆင်ပြေသေးတယ်။

ဘဝမှာဖြစ်ပျက်သမျှ မြောက်မြားစွာသော ကိစ္စတွေထဲမှာ နားလည်မှုလွဲတာတွေ ဘယ်လောက်ပဲ ရှိနေပါစေ၊ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ မဆုတ်မနစ်ကြိုးစားပြီး ရှေ့ဆက်တိုးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုတော့ ပေါ်လာလောက်မှာပဲ။ မည်သို့ပင်ဆိုစေကာမူ မရေမရာဖြစ်သွားတာကတော့ ရှိနိုင်တယ်။

အသက်ရှင်နေသမျှတော့ အားလုံးပိုင်ဆိုင်ဖို့ အခါအခွင့်တစ်ခု ရှိလာနိုင်ပြီး အခွင့်အရေးတွေလည်း ထပ်ရှိနိုင်သေးတယ်။

Like Love But Not [ ဘာသာပြန် ]Waar verhalen tot leven komen. Ontdek het nu