အပိုင်း(၁၁၃)

Start from the beginning
                                    

"ပထမသီချင်းက 'ဒွိဟ' လို့ခေါ်ပြီး ဒုတိယသီချင်းက 'လက်သင်' လို့ခေါ်တယ်"

ကျန်းဟန် တည်ငြိမ်စွာ ပြောလိုက်သည်။

" ဒွိဟ... လက်သင်.... နာမည်ကောင်းတွေပဲ"

ရွှယ်ချမ်၏မျက်လုံးများမှာ တောက်ပလာပြီး ဤသီချင်းများမှာ သူ့နှင့် အလွန်လိုက်ဖက်သည်ဟု ယူဆသည်။

"ဟားဟားဟား...အစ်ကိုကျန်း"

လီဖန်းသည် အနည်းငယ် ဟန်မူရာပိုလိုက်ပြီး

"ကျွန်တော် ခင်ဗျားကို လုံးဝ လက်လန်သွားပြီဗျာ။ ခင်ဗျားအပေါ် ကျွန်တော့်ရဲ့ လေးစားမှုက သမုဒ္ဒရာကြီးလောက်တောင် နက်ရှိုင်းသွားပြီ..."

"အဟမ်း....လီဖန်း"

ရွှယ်ချမ်မှာ လီဖန်း၏အကဲပိုမှုကြောင့် အနည်းငယ် ရှက်သွားသည်။

"အိုး...ဘုရား ဘုရား... သီချင်းအသစ် သုံးပုဒ်။ ဂန္တဝင်သီချင်းအသစ် သုံးပုဒ်တောင်"

လီဖန်း မှာ အလွန် စိတ်လှုပ်ရှားစွာဖြင့်

"အစ်ကိုရွှယ် ၁၅ ရက်နေ့ ဖျော်ဖြေပွဲက လုံးဝ စိုးရိမ်နေစရာ မလိုတော့ဘူး"

"အမှန်ပဲ။ ဒီသီချင်း သုံးပုဒ်နဲ့သာဆိုရင် အဆင်ပြေသွားမှာပါ"

ရွှယ်ချမ်၏မျက်နှာမှာလည်း စိတ်လှုပ်ရှားလာ၏။ ထို့နောက် ကျန်းဟန်အား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး

"အစ်ကိုကျန်း မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးကို တင်ပါတယ်။ ဒီသီချင်းနှစ်ပုဒ်အတွက်က..."

"ဈေးနှုန်းက အတူတူပါပဲ။ ဒါပေမဲ့ ငါ့အတွက် တစ်ခုခုလုပ်ပေးစေချင်တာရှိတယ်...."

ကျန်းဟန်က လျှို့ဝှက်ဆန်းကြယ်သည့် လေသံဖြင့် ပြောလိုက်သည်။

ကျန်းဟန်မှာ ဤသီချင်းနှစ်ပုဒ်မှ ယွမ် ၄ သိန်း ရရှိခဲ့၏။

အသံသွင်းစတူဒီယိုမှ ထွက်လာပြီးနောက် လီဖန်းနှင့် ရွှယ်ချမ်တို့မှာ မပြန်ခင်တွင် ကျန်းဟန်အား အကြိမ်ကြိမ် ကျေးဇူးတင်နေခဲ့သည်။

"ဒီသီချင်းတွေက အစကတည်းက မင်းရဲ့သီချင်းတွေပါ"

ကျန်းဟန်က ရွှယ်ချမ်အား အဓိပ္ပာပါပါ အပြုံးတစ်ခုပေးကာ မုန့်မုန့်အား ရင်ခွင်ထဲတွင် ‌ပွေ့ချီလိုက်ပြီး ပြန်ရန် ကားပေါ်တက်လိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now