အစီအစဉ်အပြီးမှာ လူတိုင်းရဲ့ပါစပ်ဖြားက ချီးကျူးသံတွေ ဆူညံစွာထွက်ပေါ်လာပြီး စင်မြင့်ထက်ကလူအား နတ်ဘုရားသဖွယ်ကြည့်နေကြသည် ။ လူငယ်မိန်းမပျိုလေးတွေရဲ့ပါးစပ်ဖြားမှာလဲ ဧကရာဇ်မောင်ဟာ ပြောစမတ်သွင်လောက်တဲ့ လူတစ်ဦးဖြစ်လို့နေသည် ။

" ဝါး … သခင်ကြီးကအရမ်းမိုက်တာပဲ … TV ထဲမှာတောင် ဒီလောက်ထိ ဆွဲဆောင်မှုရှိနေတာ တကယ်ဆို ရုပ်ရှင်မင်းသားလုပ်သင့်တယ် … သူကငါ့ရဲ့ Idol ပဲ "

" သခင်ကြီးက ခုချိန်ထိတစ်ယောက်ထည်း နေနေတုန်းပဲလား … သူ့ပုံစံအတိုင်းဆို အဆင့်မြင့်ဆိုမီဂါတွေကို ခေါင်းခေါက်ပြီးရွေးချယ်လို့ရတာတောင် ထားသွားတဲ့လူကိုမျှော်နေတုန်းပဲ … နှမြောဖို့ကောင်းလိုက်တာ "

" နင်တို့ဘာသိလို့လဲ … သခင်ကြီးက လွန်ခဲ့တဲ့ ၄ နှစ်က စိတ်ရောဂါကို အချိန်အကြာကြီး ကုသမှုခံယူခဲ့ရတယ်လို့ပြောဖူးတယ် … သူပြောတာက သူ့ရဲ့စိတ်ရောဂါကို ပျောက်ကင်းစေတဲ့လူက သူ့နှလုံးသားထဲကလူတဲ့ … သူသေတဲ့ထိတစ်ခြားလူကို ရွေးချယ်မှာမဟုတ်လောက်ဘူး "

" ဘုရားရေ … အဲ့လိုဇာတ်လမ်းတွေရှိခဲ့တာလား …  ထားသွားတဲ့လူကဘယ်လိုလူမျိုးလဲ သိချင်လိုက်တာ "

" အဲ့လူက လူတွေရှေ့သိပ်မထွက်လို့ မြင်ရဖို့ခက်တယ် … အရင်သခင်ကြီးဟောင်းရဲ့မြေးတဲ့ … သူ့ပုံတွေကိုမဖြန့်ဖို့ ခုသခင်ကြီးကအမိန့်ထုတ်ထားတယ် … ဒါကြောင့် ဘယ်သူမှသူ့နှလုံးသားထဲကအလှလေးကို မြင်တွေ့ခွင့်မရကြဘူးလေ "

" အရမ်းမိုက်တာပဲ … အချစ်ရဆုံးသူကို ဒီလောကမှာ ကိုယ်တစ်ယောက်ထည်းပဲကြည့်ခွင့်ရှိမယ် အဲ့လိုမျိုးလား … အား "

" ပြီးတော့ သူတို့မှာ ကလေးလေးတောင်ရှိတယ်တဲ့ "

" ဒါဆို သခင်ကြီးကိုမရမှတော့ သခင်လေးကိုပဲမှန်းရတော့မှာပေါ့ ခုဆိုဘယ်အရွယ်လောက်ရှိနေပြီလဲ "

" အဲ့ဒါတော့မသိဘူး သခင်ကြီးကသူ့မိသားစုအကြောင်း ဘယ်မီဒီရာကိုမှအမေးမခံဘူး ဖော်ပြမိရင်လဲ အဲ့မီဒီရာတွေကို ထုတ်ပြစ်နိုင်တဲ့အင်အားရှိတော့ ဘယ်မီဒီရာကမှမစွန့်စားရဲဘူးလေ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now