ပန်းမြို့တော်ဆိုတဲ့အတိုင်း နေရာတိုင်းမှာ ပန်းတွေပွင့်နေပြီး မြို့ရဲ့မြောက်ဘက်စွန်းက ပန်းဥယဉ်ဟာတော့ မြို့တွင်းကလူတွေတင်မက မြို့ကြီးပေါ်ကလူတွေပါ အပန်းဖြေလာကြလေ့ရှိသည်။ မြို့ကိုစတင်တည်ထောင်ပြီး ၂ နှစ်အတွင်းမှာ စတင်ဖွင့်လှစ်ကာ ၃ နှစ်အတွင်းမှာတော့ စတင်စည်ကားလို့နေသည် ။

ရာသီဥတုက မိုးကောင်းလွန်း၍ ရေမြောင်းတွေထဲကရေတွေကို မြို့နဲ့မိုင်အနည်းငယ်ဝေးတဲ့နေရာမှာ ဆည်တည်ဆောက်ထား၍ အနီးအနားမှာဟင်းသီးဟင်းရွက်ပင်တွေကို သဘာဝအတိုင်းစိုက်ပျိုးနိုင်သည် ။ ထို့ကြောင့် အစားအစာတွေကလက်ဆက်ကာ လူသားတွေအတွက် ကျန်းမာရေးနဲ့လဲညီညွတ်လှသည် ။ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကြောင့် ပတ်ဝန်းကျင်ကလဲ စိမ်းဆိုလမ်းဆန်းကာ လေကောင်းလေသန့်တွေရရှိတဲ့နေရာတစ်ခုလဲဖြစ်သည် ။

ယခုအချိန်မှာ မြို့ကိုစတင်ဖွင့်လှစ်ပြီး လူတွေနေထိုင်တာ ၂ နှစ်ပြည့်သွားပြီဖြစ်သလို ထိုနေရာရဲ့ပိုင်ရှင် သခင်ကြီးဧကရာဇ်မောင်ဟာ အချမ်းသာဆုံးနဲ့  လူတွေရဲ့အားကျချစ်ခင်မှုကို အရရှိဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည် ။ ဧကရာဇ်မောင်ကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံသူတွေက နိုင်ငံတွင်းတင်မက ပြည်ပနိုင်ငံများထိပါတိုးလာကြပြီး ခုဆို ပြည်ပထိပါနယ်မြေချဲ့ထွန်မှုကို ပြုလုပ်လာနိုင်ခဲ့သည် ။ ဧကရာဇ်မောင်ရဲ့ လုပ်ဆောင်မှုတိုင်းက လူတွေကိုဘေးမဖြစ်စေပဲ လူတွေအတွက်အထောက်အကူပြုကာ အမြတ်အစွန်းများစွာရရှိမည်မှန်း ယုံကြည်ထားကြသည် ။ ဒါကြောင့်လဲ ဧကရာဇ်မောင်ဟာ အားလုံးရဲ့ယုံကြည်လေးစားကာ အတုယူဖွယ်လူသားတစ်ယောက်ဖြစ်လို့နေသည် ။

အစီအစဉ်ရဲ့ပြိုင်ပွဲအပြီးမှာတော့ အနိုင်ရရှိတဲ့လူငယ်တွေကို ဧကရာဇ်မောင်က စိတ်ခွန်အားဖြစ်စေမဲ့စကားတွေပြောကြားပေးခဲ့သည် ။

" မင်းတို့ရဲ့ဝါသနာ မင်းတို့ရဲ့ရွေးချယ်မှုတိုင်းက မင်းတို့ရဲ့နှလုံးသားထဲကလာတာမို့  ဘေးလူရဲ့စကားကိုနားမယောင်ပဲ မင်းတို့အကောင်းဆုံးလုပ်နိုင်ရမယ် … မင်းတို့လုပ်ရပ်တွေကမှားနေတယ်ဆိုရင် မင်းရဲ့နှလုံးသားကို မှားနေတဲ့အကြောင်းပြောပြပြီး အမှန်ကိုရှာဖွေနိုင်ရမယ် … ဒါမှအနာဂတ်ရဲ့အတောက်ပဆုံးကြယ်တစ်ပွင့်ဖြစ်လာမှာ … အဓိကက မင်းနှလုံးသားကနေဖြစ်ချင်တဲ့အရာကိုမင်းသိနေဖို့ပဲ … ဝါသနာတိုင်းကအဖိုးတန်တယ် … အောင်မြင်မှုကလူကိုမရွေးဘူး … လူကသာအောင်မြင်မှုကိုရွေးချယ်ရမှာ … မင်းရွေးချယ်တဲ့လမ်းကို မင်းအကောင်းဆုံးလုပ်ဆောင်နိုင်ရင်အောင်မြင်မှုကိုမင်းရရှိလိမ့်မယ် "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now