MC ရဲ့ညွှန်ကြားချက်အပြီးမှာ လူငယ်လေးတွေဟာ တက်ကြွစွာဖြင့် ဧကရာဇ်မောင်ရပ်နေတဲ့ စင်ပေါ်တက်လာကြပြီး အပြင်မှာတွေ့ရဖို့ ခဲရင်းလှတဲ့ အထူးပုဂ္ဂိုလ်ကြီးအား မျက်တောင်မခပ်တန်းကြည့်နေကြသည် ။ အရှေ့မှာရပ်နေတဲ့လူက သူတို့အတွက် အတုယူဖွယ်ကောင်းလှသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေသည် ။

ဒီနေရာမှာ လူငယ်တွေအားလုံး အယ်ဖာ ဘီတာ အိုမီဂါ မိန်းမ ယောက်ျား မရွေးပါဝင်နိုင်ပြီး လူတန်းစားမရွေး ကြိုးစားလျှင်အောင်မြင်မှုတို့နဲ့အတူ အမြင့်ကိုတက်လှမ်းဖို့ လက်ကမ်းပေးသည့်နေရာတစ်ခုလဲဖြစ်သည် ။ အရှေ့မှာရပ်နေတဲ့ ဧကရာဇ်မောင်ဆိုသူက သူ့ဘဝအမှန်ကို အားလုံးရှေ့မှာ ထုတ်ဖော်ပြီးနောက် အရိုးသားဆုံးနဲ့ ကြိုးစားပြီး အောင်မြင်မှုကို ရရှိလာသူတစ်ယောက်ဖြစ်သည် ။

လွန်ခဲ့တဲ့ ၄ နှစ်မတိုင်ခင်က ထိုဧကရာဇ်မောင်ဆိုတဲ့လူဟာ စိတ်ဓာတ်တွေကျပြီး သူ့ရဲ့ဘဝမှန်နဲ့ စွန့်ပြစ်ခံခဲ့ရပုံတွေကို ထုတ်ဖော်ပြောကြားလာသည် ။ သူပိုင်ဆိုင်သမျှ အရာအားလုံးကိုလဲ တစ်နေ့မှာ ပိုင်ရှင်အမှန်ကို ပြန်ပေးမည်ဟု ပြောလာခဲ့သည် ။ သို့ပေမဲ့သူဟာ ဘယ်အရာကိုမှ လက်လျော့ဖို့မတွေးပဲ မျှော်လင့်ချက်လေး မြူမှုန်မျှသာရှိနေရင်တောင်မှ ကြိုးစားကာရှေ့ဆက်ခဲ့သည် ။

သူဟာလူတွေအားလုံးအတွက် အထောက်အကူပြုပေးနိုင်တဲ့ ပရောဂျက်ကြီးကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့သည် ။ ၂ နှစ်သာအတွင်းမှာ  မြို့အတွင်း၌ အလုပ်လက်မဲ့လူဦးရေလျော့ကျလာပြီး လူအများရဲ့ နေရေးထိုင်ရေးအဆင်ပြေလာခဲ့သည် ။

အကြောင်းက လူတွေမစဉ်းစားဖူးတဲ့ လှပတဲ့မြို့လေးတစ်မြို့ကို ဖန်တီးကာ ဈေးသက်သာတဲ့ အိမ်ယာများစွာဖန်တီးထားပြီး အနားမှာအရန်သင့်အလုပ်ရရှိစေဖို့ စက်ရုံများပါတည်ဆောက်ရန်အတွက် နိုင်ငံခြားကုန်သယ်တွေနဲ့ပါဆက်သွယ်ပေးထားသည် ။ ဒီလိုနဲ့ လူအများအတွက် အထောက်အကူဖြစ်ခဲ့သည် ။

ခုဆို ထိုမြို့လေးအား ' ပန်းဝင်္ကပါမြို့တော် '  ဟုအမည်ပေးထားပြီး ဝင်မိယုံနဲ့ပြန်မထွက်ချင်လောက်တဲ့အထိ သာယာလှပကာ လူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ပြီး နေထိုင်သူတိုင်း စိတ်ရွှင်လန်းစေသည် ။ ထိုမြို့လေးရဲ့ နာမည်အကြီးဆုံးနေရာက မြို့ရဲ့အလယ်က မီးပွိုင့်မရှိတဲ့အဝိုင်း ဖြစ်ပြီး ထိုနေရာရောက်ရင် လူတိုင်းဟာ ခနမျှရပ်ပြီးမှ ရှေ့ဆက်ကြ၍ မီးပွိုင့်မလိုပဲ အသိတရားစည်းလုံးမှုတွေနဲ့ လမ်းကိုသွားလာကြသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now