Unicode
~~~~~~~~၄ နှစ်ခန့်ကြာသော် ~~~
အချိန်နာရီစက်ဝန်းကြီးက နွေ ၊ မိုး ၊ ဆောင်း ဥတုသုံးပါစလုံး၌ စည်းချက်ကျကျလည်ပတ်နေပြီး ရပ်တန့်နေခြင်းမရှိခြေ ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄ နှစ်သာဆိုတဲ့ကာလကြီး ကုန်ဆုံးလို့သွားလေသည် ။
အချိန်ကာလတွေပြောင်း ရာသီတွေပြောင်းလဲသွားပေမဲ့ လူတစ်ယောက်ရဲ့နှလုံးသားထဲက တစ်စုံတစ်ယောက်ကိုရှာဖွေနေတဲ့စိတ်ကတော့ ပြောင်းလဲမသွားခဲ့ပေ ။
" ဒီနှစ်ရဲ့ အထူးချွန်ဆုံးနဲ့ အအောင်မြင်ဆုံး ထိပ်တန်းစားရင်းဝင် Yမြို့ရဲ့တစ်ဦးတည်းသော လုပ်ငန်းရှင်ကြီး Mr.ဧကရာဇ်မောင်ကို ဖိတ်ခေါ်ပါတယ် "
ထိပ်တန်း Tv လိုင်းတစ်ခုရဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ' အနာဂတ်ရဲ့ကြယ်ပွင့်လေးများ ' အစီအစဉ်မှာ ဖိတ်ကြားခံထားရတဲ့ သခင်ကြီး ဧကရာဇ်မောင်ဟာ စင်မြင့်ထက်သို့ ခန့်ညားစွာဖြင့် လျှောက်လှမ်းလို့လာသည် ။
ထိုအစီအစဉ်ဟာ မျိုးဆက်သစ်လူငယ်တွေရဲ့ ပြိုင်ဆိုင်လိုစိတ် ပြင်းပြစေရန်အတွက် ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ကြီးတွေရဲ့ နည်းပေးညွှန်ကြားမှုတွေနဲ့အတူ ပြိုင်ပွဲတွေယှဉ်ပြိုင်ရသည့်အစီအစဉ်တစ်ခုဖြစ်သည် ။
ဒီအပတ်ပြိုင်ပွဲ၌ ဧကရာဇ်မောင်ဟာ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ပေးရပြီး လူငယ်တွေကို သင်ပြပေးကာ ယှဉ်ပြိုင်ပွဲတွေကို အဆုံးအဖြတ်ပေးရမည့် အထူးဧည့်သည်တစ်ယောက်ဖြစ်သည် ။
အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာကြီးဟာ ခေတ်မှီဖွံ့ဖြိုးလာပြီး အဆင့်အတန်းခွဲခြားမှုတွေလျော့ကျဖို့အတွက် ' အနာဂတ်ကြယ်ပွင့်လေးများ ' အစီအစဉ်က ပတ်ဝန်ကျင်မှာရှိတဲ့ ထက်မြတ်တဲ့လူငယ်တိုင်း ဝင်ပြိုင်ခွင့်ပေးထားသည် ။
သာမာန်လူတန်းစားနဲ့ အဆင့်မြင့်အတိုင်းအဝိုင်းကလူတွေ ထိပ်တိုက်တွေ့ဆုံရပြီး အောင်မြင်မှုအတွက် အားပြိုင်ရသည့်အစီအစဉ်တစ်ခုလဲဖြစ်သည် ။

CITEȘTI
ပုန်းကွယ်နေသောချစ်ခြင်းတရား ' ကုမုဒြာ ' ( Myanmar OC )
Non-Fictionလရောင်ဆမ်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မောင့်ရဲ့ ဥပေက္ခာပြုမှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည့်အခါ ... မောင့်နှလုံးသားထဲက ပုန်းကွယ်နေတဲ့ချစ်ချ...