အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။

Start from the beginning
                                    

ခဏလောက်စဉ်းစားပြီးနောက် Cherry က သဘောတူလိုက်သည်။  "Okie-Dokie!"

Justin သည် ထိုနေရာတွင် ထိုင်ကာ ချစ်စရာကောင်းသော ကလေးလေးက ဖုန်းကို ထုတ်ယူနေသည်ကို ကြည့်နေသည်။  သူမ၏ လက်ချောင်းလေးများက စခရင်ကို ပွတ်ဆွဲပြီး ဖွင့်လိုက်သည်။  ထို့နောက် Nora၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

ချိတ်ဆက်မိသွားတာနဲ့ အခြားတစ်ဖက်က နေ အမျိုးသမီးငယ်လေးရဲ့ ပျင်းရိသောအသံက  ထွက်ပေါ်လာသည်။

"ဘာကိစ္စရှိလို့လဲ Cherry"

Cherryက  ရင်းနှီးသောအသံကိုကြားရသောအခါတွင် မေမေ့ကို သူ အနည်းငယ် သတိရနေခဲ့သည်ဟု ခံစားရသည်။ ထို့နောက် သူမက သူမပိုင်ဆိုင်ထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက တောက်ပလျက် စကားကိုလဲ တက်တက်ကြွကြွ ပြောလိုက်တယ်။ 

"မေမေ၊ သူငယ်တန်းကျောင်းက မွေးစားအမေကို အလုပ်ထုတ်ပစ်လိုက်တယ်"

"ဘာဖြစ်တယ်?"

ထိုအမျိုးသမီး၏ အသံသည် ချက်ချင်းပင် စူးရှသွားသည်။  ထို့နောက် ဖုန်းခေါ်ဆိုမှု၏ တစ်ဖက်ကနေ သူမ အိပ်ယာပေါ်မှာ ဆင်းနေသည့် အသံကို သူမကြားလိုက်ရသည်။ 

ဒါပေမယ့်လဲ စိတ်ထဲ သိပ်မထားပဲ Cherryက ဆက်ပြောတယ် "ဒါပေမဲ့ စိတ်မပူပါနဲ့ မေမေ ~ သမီး မေမေ့အတွက် အဆင်ပြေအောင် အားလုံး လုပ်ပြီးပါပြီ~"

Justin "??"

Cherry က ဆက်ပြီး  "သမီး သတင်းကြားပြီးတာနဲ့ ဖေဖေ့ကို Smithsမိသားစုဘက်ကို ဖုန်းခေါ်ပေးဖို့  ချော့ပြောလိုက်တယ်၊ အဲဒါကြောင့် မွေးစားအမေလဲ အခု ပြန်အဆင်ပြေသွားလောက်ပြီ။  သမီး ~ အရမ်းတော်တယ်မဟုတ်လား မေမေ!"

တစ်ဖက်က အမျိုးသမီးကတော့ အေးအေးဆေးဆေး ကုတင်ပေါ် ပြန်လှဲနေပုံရတယ်။  သူမက "အို့၊ Cherryက အကောင်းဆုံးပဲ။   ပြန်လာတဲ့အခါကျရင်  မွေးစားအမေကို ကျေးဇူးတင်ခိုင်လိုက်မယ်။  မွ~"

ထို့နောက် သူမက သမ်းဝေပြီး “အမ်၊ ပြန် အိပ်တော့မယ်။”

ပြီးနောက် သူမက ဖုန်းချလိုက်တယ်။

Justin "????"

သူသည် ပြဿနာကို ဖြေရှင်းပေးသူဖြစ်သည်မှာ ထင်ရှားသည်၊ သို့သော် သူမက  အကြွေးအားလုံးကို အဘယ်ကြောင့် Cherryကိုသာ  ပေးခဲ့သနည်း။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now