"ငါပိတ်ထိုးလိုက်ရ ဗိုက်ဆာတယ်ဘာရှိလဲ"
"မင်းဘဲကြီးက ဘာမှ မကျွေးလိုက်ဘူးလား"
"ထယ်! ငါနားငြီးတယ်ကွာ"
"မစတော့ပါဘူး ဒါနဲ့ ခနလေး မျက်နှာလေးလေးမော့ပါဦး"
"ဘာလို့လဲ"
ထယ်သည် Jiminမျက်နှာလေးကို ကိုင်ကာ သေသေချာချာလိုက်ကြည့်နေလိုက်သည်။ထို့နောက် Jiminနားလေးကပ်ကာတိုးတိုးလေးပြောလိုက်သည်။ထယ်စကားအဆုံး Jiminသည် မျက်နှာတစ်ခုလုံးရဲတက်လာခဲ့ပီး ထယ်အား ပျစ်ပျစ်နှစ်နှစ် ဆဲလေတော့သည်။
ထို့နောက် အခန်းအတွင်း ရယ်သံလွင်လွင်လေးတွေ ထွက်ပေါ်လာပြန်သည်။
__
"သားကို မေမေ ဘာပြောထားလဲ သားသိတယ်မလား"
"ဟုတ်ကဲ့"
ကလေးငယ်သည် တစ်ခုခုအမှား လုပ်ထားမိလို့နဲ့တူပါရဲ့ မျက်နှာလေးဟာငိုမဲ့မဲ့လေးဖြစ်နေပီး သူ့ရဲ့မိခင်ကို အသနားခံစွာကြည့်နေခဲ့သည်။
"သိရင် ဘာလို့ အဲ့လိုလူတွေနဲ့ အပေါင်းသင်းလုပ်နေတာလဲ kookie"
"Kookie က"
"တော်ပီ မာမီ ပြောပြမယ် သေချာ ခေါင်းထဲ ထည့်ပီး နားထောင်နော်"
ကလေးငယ်သည် ငိုမဲ့မဲ့လေးနဲ့ ခေါင်းကိုအဆက်မပြတ် ညိမ့်ရှာသည်။
"သားဖေဖေ ဘာကြောင့် မာမီတို့ကို ထားခဲ့တာလဲသိလား "
"မကောင်းတဲ့မိန်းမကြောင့်"
"အေး အဲ့လိုမကောင်းတဲ့မိန်းမတွေက သားခုပေါင်းနေတဲ့ လူတန်းစားတွေလိုမျိုးပဲ"
ကလေးလေးရဲ့ မာမီသည် 6နှစ်သားလေးရဲ့ ဦးနှောက်ထဲ ရိုက်ထည့်ထားခဲ့တဲ့စကားတွေကပြင်းပြင်ထန်ထန်။
Jungkookသည် အချိန်ကြာလာတဲ့အမျှ ဆင်းရဲတဲ့လူတွေကိုတွေ့ ရင် ပိုးမွှားတစ်ခုလိုဆက်ဆံတတ်သည်။
အခုလဲ မာမီ သည် အိပ်မက်ထဲအထိလိုက်ဆူနေခဲ့ပြန်သည်။
အကြောင်းမှာ Park Jiminကို အနားကိုခေါ်ထားလို့တဲ့လေ။
Jeonသည် အရင်လို မာမီပြောသမျှ ငြိမ်ခံမနေတော့ပဲ အတိုက်အခံပြန်ပြောနေပြန်သည်။
YOU ARE READING
ချစ်သော🦋One shot (Complete)
Fanfictionအချစ်ကဘာလဲလို့မေးလာရင် Park Jiminလို့ပဲဖြေမှာပါ🦋
ချစ်သော 2🦋
Start from the beginning