Chapter -23
Mulai dari awal
"ကောင်းပြီ ကျွန်တော်လက်ခံတယ်"
"ဟားဟား...ဒါဆိုရင် ငါ့မြေးရဲ့ခင်ပွန်းလောင်းလေးကို အင်ပါယာမင်းက သက်ညှာမယ်လို့မျှော်လင့်တယ်...အင်း...ဒန်နာရီကို ဖိုရားနယ်မြေမှာ ပညာသင်ခွင့်ပြုရင်ကော ဘယ်လိုသဘောရလဲ" မြို့စားမင်းဟာ အင်ပါယာမင်းကို ကြည့်ကာ မေးလာတော့သည်၊
ဧကရီဟာ လက်ဖဝါးထဲ လက်သည်းစိုက်ဝင်သွားတဲ့အထိ လက်သီးဆုပ်လိုက်ပြီးနောက်မှာ သူမဟာ အင်ပါယာမင်းကို ခေါင်းညိတ်ပြလိုက်သည်၊
"ကောင်းပြီ ဒါကန့်ကွက်စရာမလိုဘူး"
ထိုအခါမှာ ဒေ့ကိုးနက်စ်ရဲ့သက်ပြင်းချနိုင်တော့သည်၊သူတို့က တော်ဝင်ကျောင်းတော်က တပည့်တွေဖြစ်တာကြောင့် ဒီအင်ပါယာမှာ ကြာရှည်မရှိချေ၊ဒါ​ကြောင့် သူနဲ့ဆိုရက်စ်မရှိတုန်း ဒန်နာရီကို ကာကွယ်ပေးမဲ့သူမရှိရင် သူတို့စိတ်ဖြောင့်မည်မဟုတ်ပေ၊
အကုန်လုံးဟာလည်း တော်ဝင်ကျောင်းတော်ရဲ့အာဏာ၊မြို့စားမင်းရဲ့အာဏာတွေကြောင့် စိတ်ထဲသက်ပြင်းကြိတ်ချလိုက်ကျသည်၊
ဧကရီဟာ သူမဖြစ်ချင်သည့်အတိုင်း ဖြစ်မလာသည့်အခါမှာ ဒေါသထွက်လွန်းတာကြောင့် မျက်နှာတွေပင် ရဲနေတော့သည်၊သူမသား အေးအေးချမ်းချမ်းထီးနန်းတက်ဖို့အတွက် မြို့စားမင်းကို ဖြုတ်ချရပေမယ့် အနေအထိုင်သေသပ်ပိရိကာ အုတ်မြစ်ခိုင်မာမှုရှိလှသည့်မြို့စားမင်းအိမ်တော်ဟာ ဖြုတ်ချရန်ခက်ခဲလှသည်၊
ဒန်နာရီ ရိုစဲဆလပ်၊ထိုကလေးကို သူမ လုံးဝကြီးထွားခွင့်ပေးမည်မဟုတ်ပေ၊
ဒန်နာရီဟာ ဧကရီအကြည့်တွေကို ခံစားမိတာကြောင့် မော့ကြည့်ယလိုက်သည်၊ဒန်နာရီရဲ့မျက်လုံးတွေဟာလည်း အေးစက်နေတော့သည်၊ထိုနောက်မှာ ဒန်နာရီဟာ သက်ပြင်းချလိုက်ပြီး မြို့စားမင်းဘက်လှည့်ကာ
"မြို့စားမင်းရဲ့စေတနာကို နားလည်ပေမယ့် ငြင်းဆန်ပါရစေ"
"ဒီလက်ထပ်ခွင့်ကို လက်ခံပေမယ့် ကျွန်တော် ယူနိုရက်စ်နယ်မြေမှာ ပညာသွားရောက်ဆည်းပူးမယ်" ဒန်နာရီစကားကြောင့် အကုန်လုံး ကြောင်သွားတော့သည်၊ဒီကလေးက ဘယ်လိုတောင် ရူးမိုက်ရတာလဲ၊