အင်ပါယာမင်းသာ သူ့အစ်ကိုကို သတ်ဖို့ကြိုးစားခဲ့ရင် သူ့အစ်ကိုခေါ်ကာ ထွက်ပြေးရန်အသင့်ပင်၊
"အခုချက်ချင်း ဒေ့ကိုးနက်စ် ရိုစဲဆလပ်ကို ဖမ်းစမ်း!!" အင်ပါယာမင်းရဲ့အမူအရာဟာ တင်းမာကာ အမိန့်ပေးစေသည့်အခါမှာတော့ ကလီနာဟာလည်း ပျော်ရွှင်သွားတော့သည်၊ဒေ့ကိုးနက်စ်သာ သေဆုံးသွားခဲ့ရင် သူမသားရဲ့တက်လှမ်းကို နှောင့်ယှက်မည့်သူလျော့သွားလိမ့်မည်၊
ဒေ့ကိုးနက်စ်ဟာ သူ့ညီရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူရဲ့အိတ်ကပ်ထဲကနေ တံဆိပ်တော်တစ်ခုကိုပြသလိုက်သည်၊
"ရွှေရောင်အဆင့် တော်ဝင်ကျောင်းတော်က တပည့်တစ်ယောက်ကို ဘယ်အင်ပါယာမင်းမှ အမိန့်ပေးနိုင်စွမ်းမရှိဘူး၊တကယ်လို့ အမိန့်ကိုဖီဆန်ရင် ထိုအင်ပါယာက တော်ဝင်ကျောင်းတော်ကို စစ်ကြေငြာတာပဲ" ဒေ့ကိုးနက်စ်ဟာ ပြုံးရင်းပြောလိုက်သည်၊ရွှေနဲ့သလင်းရောက ထုလုပ်ထားသည့်တံဆိပ်ဟာ အစစ်ဆိုတာ အကုန်လုံးသိကျသည်၊ သူတို့မသိခဲ့တာဟာ ဒေ့ကိုးနက်စ်ဟာ ရွှေရောင်တံဆိပ်ရှိနေခြင်းကိုပင်၊
ဒီတံဆိပ်ဟာ ဆိုရက်စ်ဟာဖြစ်ပြီး ဆိုရက်စ်ဟာ သူမသွားခင်မှာ ဒေ့ကိုးနက်စ်ကိုပေးခဲ့ခြင်းဖြစ်သည်၊ဒီတံဆိပ်ဟာ ဒန်နာရီကို ကာကွယ်နိုင်ရန် အကျိုးမယုတ်လေနိုင် ဆိုရက်စ်ဟာ ပေးခဲ့ခြင်းဖြစ်သည်၊ဆိုရက်စ်ထင်သလိုပင် ဒီတံဆိပ်ဟာ ထုတ်သုံးလာရတော့သည်၊
"အင်ပါယာမင်း ခင်ဗျား တော်ဝင်ကျောင်းသားတစ်ယောက်ကို ဖမ်းရဲလား"
အင်ပါယာမင်းဟာ ဒေါသကြီးကာ ဦးနှောက်မရှိတဲ့သူဖြစ်သည်၊သူဟာ ဧကရီခိုင်းစေချက်တွေအတိုင်းလုပ်တဲ့အရူးတစ်ယောက်ဖြစ်သည်၊ထိုတံဆိပ်အကြောင်းကို သိတာကြောင့် တော်ဝင်ကျောင်းတော်ကို ကြောက်လှသည့်အင်ပါယာမင်းဟာ ငြိမ်သက်သွားတော့သည်၊
မြို့စားမင်းရက်စ်ထရစ်ဟာ သဘောအကျကြီးကျနေတော့သည်၊ဒီကောင်လေးဟာ ညီတစ်ယောက်ပေါ် အစွန်းကုန်ကာကွယ်ပေးနေတော့သည်၊
ဒန်နာရီဟာလည်း အကုန်လုံးကို ကြည့်လိုက်ပြီးနောက်မှာဟာ သူရဲ့နူတ်ခမ်းများဖွင့်ဟလာတော့သည်၊