တစ်ဖက်တွင်တော့ ……

" သခင်ကြီး … ကျွန်တော် ပါရဂူကြီးကိုဆက်သွယ်ပြီးပါပြီ … မကြာခင် သခင်လေးမုဒြာကို လာစစ်ဆေးပေးလိမ့်မယ် "

" ကောင်းပြီ … မင်းသွားလို့ရပြီ "

တဖြေးဖြေးနီးကပ်လာတဲ့ မွေးဖွားချိန်တွေကြောင့် မွေးပြီးသွားလျှင် ဧကရာဇ်မောင် မုဒြာကိုဘယ်လိုဆက်ပြီး ဖမ်းဆွဲထားသင့်လဲ စဉ်းစားရခက်လာ၍  ဆရာဝန်သီးသန့်ခေါ်ကာ အိမ်မှာပဲ မွေးဖွားပေးဖို့ဆုံးဖြတ်လိုက်သည် ။

မုဒြာ  အိမ်တော်ရဲ့အပြင်ကို ထွက်လိုက်တာနဲ့ သူ့အနားကနေ အငွှေ့တဖွယ် ပျောက်ကွယ်ကာ ပြန်လည်ဖမ်းဆုတ်၍မရတော့မှာကို ဧကရာဇ်မောင် ကြောက်ရွံ့နေသည် ။ မုဒြာအား အခန်းထဲကနေ ခြေတစ်လှမ်းမှပင်အထွက်မခံနိုင်လောက်တဲ့ထိ ဧကရာဇ်မောင်စိုးရိမ်စွာဖြင့် ပိတ်လှောင်ထားလေသည် ။

" သခင်လေးဧကရာဇ် "

အနောက်ကဦးလေးမြတ်အသံကြောင့် ဧကရာဇ်အတွေးတွေကို ရပ်တန့်ကာ လှည့်ကြည့်လိုက်သည် ။

" ဦးလေးမြတ် အဆင်သင့်ဖြစ်ပြီလား "

" ဟုတ်ကဲ့ အဆင်သင့်ဖြစ်ပါပြီ "

ဦးလေးမြတ်က မုဒြာကိုရော ဧကရာဇ်ကိုပါ ငယ်စဉ်ကတည်းက စောင့်ရှောက်ပေးခဲ့သူမို့ သူတို့ရဲ့မျက်နှာကိုကြည့်ပြီး စိတ်ဖတ်နိုင်သည် ။ ခုသလောသခင်လေးမုဒြာဟိုးအရင်အချိန်ကလို အမြဲငူငူငိုင်ငိုင်နဲ့ နေနေတာကို ဦးလေးမြတ်တွေ့ရသည် ။ ခုဧကရာဇ်မောင်ဟာလဲ ဝမ်းနည်းနေကာ သူ့မျက်နှာက စိုးရိမ်ကြောင့်ကြမှုအပြည့်နှင့် ၂ ယောက်အတူနေနေရတာတောင် မပျော်ရွှင်ကြပေ ။ ဦးလေးမြတ်လဲ ကြည့်မနေနိုင်တော့၍ မေးလိုက်သည် ။

" သခင်လေးဧကရာဇ် … စိတ်ထဲအဆင်မပြေတာရှိရင် ဦးလေးကိုပြောပါ "

ခုချိန်မှာ ဧကရာဇ်ယုံကြည်ရတဲ့သူဆိုလို့ အဖိုးရဲ့လူယုံဖြစ်ခဲ့တဲ့ဦးလးမြတ်တာရှိတော့သည် ။ သူက သူလုပ်နေတဲ့ကိစ္စတွေကို ပြောပြလိုက်သည် ။

" ဦးလေးမြတ် မုဒြာကိုဆေးရုံမှာမမွေးပဲ အိမ်တော်မှာပဲ မွေးဖွားခိုင်းဖို့ဆုံးဖြတ်ထားတယ် … ဒါမှသူ့ကိုကျွန်တော်အပြည့်အဝစောင့်ရှောက်နိုင်မှာ "

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now