.....Zawgyi.......
မနက်ဖြန် ကျောင်းပိတ်ရက်မို့ ကစားကွင်းလိုက်ပို့ခိုင်းဖို့ ဟျူးနင်းခါအီတစ်ယောက် ဂန်ထယ်ဟျွန်းအား ကျောင်းအနှံ့ရှာပုံတော်ဖွင့်လျက်ရှိ၏။
**ထယ်ဟျွန်းက ဘယ်ရောက်နေတာလဲ မနက်ကဖုန်းဆက်တော့ကို ကျောင်းရောက်ခါနီးလမ်းမှာလို့ ပြောတာကို အခုမတွေ့ဘူး**
အတွေးတို့ မဆုံးခင် ချွဲယောန်ဂျွန်းနဲ့ချွဲဘောမ်ဂယူရောက်လာ၏။
"ဟျူးခါ မင်း ထယ်ဟျွန်းကို ရှာနေတာလား" ဂယူမှမေးလိုက်၏။
"ဒါဆိုရင် မင်း ရှာမနေနဲ့ ထယ်ဟျွန်းက သူ့ အရင်ကျောင်းက သူငယ်ချင်းနဲ့ ဝယ်စရာရှိလို့ဆိုပြီး အတူတူသွားတာ တွေ့လိုက်တယ်"
"....."
"နေ့လည်မှ လာမယ့်ပုံပဲ"
"မင်းက ဘယ်လိုလုပ် သိတာလဲ"
"ကျောင်းရှေ့က ကော်ဖီဆိုင်မှာ တွေ့လို့ ယောန်ဂျွန်းဆီ ခွင့်တိုင်သွားတယ်လေ မင်းကိုရော ဘာမှမပြောဘူးလား"
**ဂန်ထယ်ဟျွန်း မင်းတော့ သတိသာထား ကျောင်းလာမယ့်လမ်းမှာဆိုပြီး အခုတနေရာသွားတယ်ပေါ့ ငါ့ကို ဘာမှမပြောဘဲလေ**
"ငါ ပြောတာကြားရဲ့လား ဟျူးခါ"
"ဩော် အေး အေး...:
"ဒါဆိုရင် ငါတို့အတန်းထဲသွားကြစို့လေ"ဟု ဂယူမှပြောသဖြင့် သူတို့အတွဲနဲ့အတူတူ ဟျူးနင်းခါအီတစ်ယောက် မျက်နှာဆူပုတ်ပုတ်နဲ့ ပါသွား၏။
ကျောင်းတက်ခေါင်းလောင်းထိုး၍
အရှေ့က ဆရာတွေသာ စာသင်သွားသော်လည်း ဟျူးနင်းခါအီတစ်ယောက် စာထဲ၌အာရုံမရှိ။သူတွေးနေသည်က ဂန်ထယ်ဟျွန်းအကြောင်းသာ....
ဘယ်သွားတာလဲ ဘာလို့ငါ့ကိုမပြောသွားတာလဲ....
ထယ်ဟျွန်းက သူ့ကိုသဘောကျတယ်လို့ ပြောတာ တကယ်ရောဟုတ်ရဲ့လား**ဒီအတွေးများသာ သူ့ခေါင်းထဲရှိ၏။
ထိုအချိန် ဆက်တွေးမိသည်က ဂန်ထယ်ဟျွန်းနဲ့ထိုနေ့က အဖြစ်အပျက်များကို တွေးမိပြန်၏။
ထိုနေ့က နည်းနည်းအစလွန်ပြီး ကျောင်းကပန်းအိုးကွဲသွားသဖြင့် အပြစ်ဒဏ်အဖြစ် ညနေကျောင်းဆင်းချိန်တွင် စာကြည့်တိုက် သန့်ရှင်းရေးနဲ့ ပြန်အပ်သော စာအုပ်များအား နေရာတကျ ပြန်ထားပေးရ၏။ခဏအကြာ ဂန်ထယ်ဟျွန်းရောက်လာ၏။ ထူးဆန်းစွာဖြင့် ပြန်ရင် မင်းတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ လာစောင့်ပေးတာ အတူတူပြန်မယ်တဲ့လေ
YOU ARE READING
Love is exist with us
FanfictionWe met when we're 16 or 17. One of the special bond between us is called love💕
