"ဝင်ခဲ့လေ" ဟူသော one shot မှာ အတွေးပေါင်းများစွာ ထည့်ပေးချင်သည့် ဝတ္ထုတို တစ်ပုဒ်ဖြစ်ပါသည် ။ ရပ်ခဲ့သည့် နေရာမှာ အဓိပ္ပါယ်ရှိချင်လည်း ရှိမည်မရှိချင်လည်း မရှိလိမ့်မည် သို့သော် နောက်ဆက်တွဲ ဖြစ်လာမည့် အရာများကို တွေးကြည့်စေချင်သည့်အတွက် ဒီ ဝတ္ထုတိုလေးကို ရေးချင်သာ ဖြစ်သည် ။
"အောင်မလေး ငါလိုးမသား"
ယောင်သံထွက်လာသူမှာ ရနံ့ ။
"ဟဲ့ ဘာဖြစ်တာတုန်းသူတောင်းစားရဲ့ ၊လန့်တောင် လန့်တယ် " ဟု ပြောသူမှာ တာတာ ။
"ကြွက်သေကြီးဟဲ့ သူတောင်းစားမရဲ့"
ရနံ့လည်း တာတာအား ပြန်ပြောသည်။"ကြွက်လည်းကြောက် အကုန်ကြောက်တယ်နော် ဒီကောင်မက "
"ဟဲ့ ...ခရီးထွက်ရတော့မယ်ဆိုတာနဲ့ မြူးနေတာနော် ။ မြင်လို့မကောင်းဘူး " လို့ ပြောသူမှာ ကြည်ရွန်း။
"ဟဲ့ကြည်ရွန်း ..ဒီဖော်လော်မော် မြူးတာခရီးထွက်ရမှာကြောင့်မဟုတ်ဘူးဟေ့ ။ နင့် အဒေါ်ကြောင့် " ဟု တာတာမှ ပြောသည်။
ရနံ့ ၊ကြည်ရွန်း နှင့် တာတာ မှာသူငယ်ချင်းများဖြစ်ကြပြီး တက္ကသိုလ် ကျောင်းသူများလည်းဖြစ်ကြသည်။ ယခုတွင် ကျောင်းပိတ်ရက်ခရီးထွက်ရန် အစီအစဉ်နှင့် ည ၉နာရီ အချိန်တွင် ကြည်ရွန်းအိမ်မှာ လူစုံနေခြင်းဖြစ်သည်။
"ဟဲ့ နင့်အဖေ င့ါတို့ကို ဒီတစ်ခါကျတော့ ယုံယုံကြည်ကြည်နဲ့ ခရီးထွက်ခိုင်းလို့ပါလား ။ ထီ ထိုးရတော့မယ် ထင်တယ် " ဟု ပြောရင်း တာတာလည်း အဝတ်အစားများထည့်ထားသည့် ခရီးဆောင်အိတ်ကို ကားပေါ်သို့တင်နေသည် ။
ထိုအချိန် ရနံ့မှာ အိမ်ထဲသို့ တကြည့်ကြည့် လုပ်နေသည့်အတွက် တာတာ လည်း ဝင်ငေါက်တော့သည်။
"ဟဲ့ ဖော်လော်မော် , တမျှော်မျှော် လုပ်မနေနဲ့ " ဟု ပြောရင်း ရနံ့ ကျောပြင်အား ဗျောတင်လိုက်သည်။
"လော် လား ..."
"ဟဲ့ နင်တို့နှစ်ယောက်က မယားပါသမီးနဲ့ လင်ပါသမီးမို့လား "
ကြည်ရွန်းလည်း တွေ့သည်နှင့် တကျိပ်ကျိပ် ရန်ဖြစ်နေသည့် တာတာနှင့် ရနံ့အား ပြောတော့သည်။
![](https://img.wattpad.com/cover/314808443-288-k393280.jpg)