"ထာဝစဉ်ရွှေရယ် နင်များ လေအလကားရတိုင်း ပရမ်းပတာတွေပြောထွက်နေလိုက်တာ"

"ပရမ်းပတာမဟုတ်ဘူး သက်နှင်း။ ဒီကောင်ကအကြံနဲ့။ ငါကနင့်အစ်ကိုရဲ့ပရိတ်သတ်ပါ။ အစ်ကို့ကိုကာကွယ်ဖို့လုပ်တာ နင်ဝင်တားလည်းမရဘူး"

"မတားပါဘူး။ နင်လုပ်နေတာတွေကလည်း ငါ့အစ်ကိုကိုကာကွယ်ဖို့လုပ်နေတာတွေမဟုတ်ဘူး။ ငါမြင်နေရ​သလောက်က ညီညီ့အပေါ်ကိုဆို နင်ကိုကအမြင်စောင်းလွန်းနေတာ။ ညီညီ့ကိုဆို အရမ်းပြောချင်ဆိုချင် နိုင်စားချင်စိတ်နဲ့ပြောသမျှတွေကို အစ်ကို့ကိုကာကွယ်ဖို့လို့ခေါင်းစဉ်မတပ်ပါနဲ့"

ထာဝစဉ်ရွှေ မျက်နှာကြီး တန်းပျက်သွားသည်။ ဟမ် ပြန်မပက်ရဲတော့ဘူးလား။ နည်းနည်းထိရင်တောင်တဲ့လူ ခုချက်ကောင်းတည့်တည့်ကိုအစော်ခံနေရတာလေ။ ဘာလို့ငြိမ်နေရတာလဲ။

"နင်သိချင်တဲ့အဖြေငါပေးမယ်"

ဟမ်။ လုံးဝပြောပြလို့မဖြစ်ဘူး သက်နှင်း။ ပွဲနေ့ကျမှ ထုတ်ပြဖို့ လုပ်ထားတာ။ ကြိုပြောပြလိုက်ရင် ဘယ်သူတွေဘယ်လိုနှောင့်ယှက်ကြဉီးမှာလဲမသိနိုင်ဘူး။ သူတို့မပျက်ပျက်အောင်ဖျက်ကြမှာ။ ​လုံးဝပြောပြလို့မရဘူးနော်။

"သက်နှင်း"

ညီညီခေါ်တော့ သက်နှင်းကတစ်ချက်ပြုံးပြသည်။ စိတ်ချဆိုတဲ့အဓိပ္ပါယ်။

"ငါ့အစ်ကိုက ညီညီနဲ့အလုပ်တွဲလုပ်ဖို့ရှိလို့ပဲ"

"ဘယ်လို...."

"ဟုတ်တယ်။ နောက်ထွက်လာမယ့် အယ်လ်ဘမ်မှာ ညီညီပါပါမှာ။ အဲ့တာကြောင့် ကျောင်းအတူပြန်ပြီး အိမ်မှာပါအလုပ်လုပ်နေတာလေ။ ရပြီလား"

သက်နှင်းစကားများကို ထာဝစဉ်ရွှေအပါအဝင် စနည်းနာလျက်နားထောင်နေကြသည့် သူများပါအံ့သြလျက်ရှိသည်။ နောက်ဆုံး ရောင်စဉ်ပဲ သုံးဉီးအချေအတင်စကားဝိုင်းသို့ လုံးလုံးလျားလျားလှည့်ကြည့်သည်အထိစိတ်ဝင်စားလျက်ရှိသည်။
စုံညီမှာဆိုမယ့်အကြောင်းပြောလိုက်တာမဟုတ်ပေမယ့် သီချင်းအသစ်မှာအတူဆိုမယ့်အကြောင်းပြောလိုက်တာကရော ကောင်းသွားတာလား မသိပါ။ စုံညီမှာသာအတူဆိုမည့်ကိစ္စကိုသိသွားကြရင် သေချာပေါက်လိုက်ဖျက်ကြမှာ။

IDOLWhere stories live. Discover now