"မ မဟုတ်ပါဘူး။ နင်စကားမလွှဲနဲ့ ဂုဏ်ရည်ညီညီ။ အစ်ကိုနဲ့နင်နဲ့ကဘာလဲဆိုတာကိုသာဖြေ"

"ဟ ဖြေပြီးပြီလေ ခင်တာပါဆိုမှ။ နင်ကဘယ်လိုအဖြေကိုလိုချင်လို့ ခုလိုအစ်အောက်မေးနေတာလဲ"

"ဟွန့် မဟုတ်မှ နင် အစ်ကို့ကိုကြိုက်နေတာမလား"

"ဘာ...."

ညီညီ့နှုတ်မှအာမေဋိတ်အသံကြီး အကျယ်ကြီးထွက်သွားသည်။ ဘယ်လိုတောင်ပြောချပစ်လိုက်ရတာလဲ။ တစ်ကားတည်းအတူစီးတာကို ဘယ်အဆင့်တွေထိတွေးချပစ်ရတာလဲ။ ဘယ်နေရာမှာ အဆင့်ကျော်နေတဲ့အမူအရာကိူမြင်ဖူးလို့ ခူလိူကြီးပြောချပစ်ရဲရတာလဲ။
ထာဝစဥ်ရွှေတော့မသိဘူး ညီညီကတော့ခေါင်းထဲထူပိန်းသွားတာပဲ။

"ဟွန့် ဟုတ်နေတာပဲ"

"ဘာကိုဟုတ်နေတာပဲလဲ။ မငြင်းတာမှန်နေလို့မဟုတ်ဘူးနော် ထာဝစဥ်ရွှေ။ နင်ရဲ့စကားတွေက တခြားသူကိုထိခိုက်နေလို့ ရပ်နိုးနိုးငါစောင့်နေတာ။ နင်ကဘာကိုကြည့်ပြီး ခုလိုစည်းမရှိကမ်းမရှိပြောရတာလဲ"

"ငါကကိုသက်ထင်ရဲ့ပရိတ်သတ်လေ။ အေး ဖန်တစ်ယောက်အနေနဲ့ ကိုသက်ထင်ကို မကောင်းတဲ့လူနဲ့တွေ့မှာစိုးရိမ်လို့။ အထူးသဖြင့် နင့်လိုပျော့တိပျော့ဖတ်လူတွေနဲ့တွေ့မှာမကြိုက်လို့"

"သြော် အစ်ကို့ကိုကြိုက်တာချင်းအတူတူ နင်ကတော့ပရိတ်သတ်ပေါ့။ ငါကတော့ မဟုတ်မကစိတ်တွေနဲ့ ကြိုက်နေလို့ပေါ့။ ဟုတ်မှလည်းလုပ်ပါ ထာဝစဥ်ရွှေရယ်။ နေရာမှားနေတယ်ထင်တယ်"

"ဘာ နင်ကများငါ့ကို တောက်စ် ဟွန့် နင်သိအောင်တစ်ခွန်းတည်းပြောလိုက်မယ်။ အစ်ကိုကလူံးဝအဖြောင့်​။ နင်ကြိုက်သလောက်မရိုးသားနေ နင့်လိုဂေးမဟုတ်ဘူး"

"ဘာ....."

ညီညီ့တစ်ကိူယ်လုံးသွေးပူပူများ ယှက်သန်းဖြတ်ဆင်းသွားတော့သည်။

"ဟေ့ ငါတစ်ယောက်လုံးရှိသေးတာ သတိရပါဦး"

သက်နှင်းသည် မျက်နှာကြောများတင်းလျက် အနားရောက်လာသည်။ ညီညီ့ကိုမသက်သာသလိုကြည့်ပြီးနောက်ပင် ထာဝစဥ်ရွှေ့ကို မျက်ခုံးကြောများတွန့်၍စိုက်ကြည့်သည်။ သက်နှင်းလည်း ခုနောက်ပိုင်း အငြိမ်မနေရ။ ငယ်ငယ်ကတည်းကအတူတက်လာတာ ဘာပြဿနာမှမဖြစ်ဘူး။ ခုနှစ်မှပြုံဖြစ်နေတော့တာ။

IDOLWhere stories live. Discover now