အပိုင်း - ၇

8K 335 3
                                    

Zawgyi

🍒🍑 ကိုကို​ဘောစိရဲ့အား​ဆေး​လေးကျန့်​ 🍑🍒
                             ( OR )
🍒🍑 ကျန့်​ကျန့်​ရဲ့​ယောကျာ်းက​ဘောစိ 🍑🍒7

🚨🚨 Warning 🚨🚨

အပိုင်း - ၇

"ချစ်စနိုးနဲ့ခေါ်တာဘာဖြစ်လဲ..."

"ကျန့်ကျန့်လဲချစ်စနိုးနဲ့ခေါ်တာလေ...
ဒါပေမဲ့တစ်ခြားသူတွေတော့အဲ့လိုခေါ်ခွင့်
ရှိဘူး..."

"လက်တောက်လောက်လေးကစွာနေ
လိုက်တာအေ...နင်ကမှသားရိပေါ်ကို
အဲ့လိုမခေါ်သင့်တာ..."

"ကျန့်ကျန့်ရဲ့ယောကျာ်းကိုယ်တိုင်လဲ
အဲ့လိုပဲခေါ်ခိုင်းတာလေ...အန်တီတို့ကမှ
ဘာလို့အဲ့လိုလာပြောနေရတာလဲ..."

"အေး ငါကသားရိပေါ်ရဲ့ယောက္ခမဖြစ်လာ
မဲ့သူ ငါ့သမီးကတော့ဒီအိမ်ရဲ့အိမ်ကြီးရှင်
ဖြစ်လာမဲ့သူ...အဲ့တော့နင်လဲနင့်အဆင့်
နင်သိသင့်ပြီထင်တယ်..."

( ငါကအဲ့အစ်မကိုပဲဂေါက်တယ်ထင်နေ
တာ ခုတော့သူ့ရဲ့မားမားပြုတ်ကြီးပါ
ဦးနှောက်မကောင်းတာပဲ...သနားပါတယ်
၂ယောက်လုံး စကားကိုအလိုက်ထိုက်ပြော
ပေးမှပဲ... )

"ဟုတ်ကဲ့ ကျန့်ကျန့်ကိုယ့်အဆင့်ကိုယ်သိ
ပါပြီ...ဘာမှပြောတော့ဘူးနော်...
အန်တီကောအစ်မကောအနားယူလိုက်
ကြပါအုံး..."

ရှောင်ကျန့်နှုတ်ဆတ်ကာမြန်မြန်အခန်း
ထဲပြန်လာခဲ့တယ်...

"သူတို့စိတ်ချမ်းသာရင်ကမ္ဘာတစ်ဝမ်း
အေးချမ်းပါတယ်လေ..."

_____________

ရှောင်ကျန့်ဟိုဘွားတော်၂ယောက်နဲ့အငြင်း
မပွားချင်တာနဲ့အခန်းထဲမှာပဲအောင်းနေ
လိုက်တာမိုးချုပ်တဲ့ထိ...
၉နာရီထိုးတော့ခြံထဲကားမောင်းဝင်လာသံ
ကြားရပါပြီ...

ဘယ်သူ့ကားသံမှန်းသိနေသောရှောင်ကျန့်
၁ယောက်ပြာပြာသလဲပဲအခန်းထဲမှ
ထွက်လို့သူ့ချစ်လင်တော်မောင်ကို
ကြိုရန်အောက်ထပ်ပြေးဆင်းလာခဲ့တယ်...
အိမ်တံခါးဝတွင်မြင်လိုက်ရသောမြင်ကွင်း
ကတော့...

"ဟင်!!!ဟိုအန်တီပြောတာတကယ်တွေပဲ
လား..."

ရှီဟိုကအိမ်ထဲဝင်လာပါသောရိပေါ်ကို
ပြေးဖက်တော့ရိပေါ်ကလည်းပြန်ဖက်ထား
တဲ့ပုံကြောင့်ရှောင်ကျန့်နှလုံးအိမ်ဆီမှ
အောင့်တက်လာကာမျက်ရည်တွေလဲ
မျက်ဝန်းအိမ်ဆီမှနေပါးပြင်တစ်လျှောက်
တစ်လိမ့်လိမ့်ဆင်းသက်လာတော့တယ်...

🍒🍑ကိုကိုဘောစိရဲ့အားဆေးလေးကျန့်🍑🍒Where stories live. Discover now