အပိုင်း(၁၀၂)

Start from the beginning
                                    

နှလုံးသားကိုအနိုင်ယူနိုင်ဖို့ အစာအိမ်ကိုအရင်ဆုံးသိမ်းပိုက်ရမည် ဆိုသည့် စကားပင် ရှိသေးသည်။

ဤစကားမှာ အစားအသောက်သည် လူတို့၏အဓိကလိုအပ်ချက်ဖြစ်သည်ဟူသော သဘောတရားကို ထင်ဟပ်စေသည်။ ထိုအချိန်တွင် ကျန်းဟန်သည် ဇီယန်နှင့် အခြားစားသုံးသူများ၏အစာအိမ်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသားသည် တံခါးဝတွင် ခဏတာစောင့်ဆိုင်းပြီး ဆိုင်ထဲသို့ ဝင်လာခဲ့သည်။

သူသည် တံခါးဝတွင် ရပ်ကာ စားပွဲထိုး၏ဧည့်ခံကြိုဆိုမှုကို စောင့်ဆိုင်းနေခဲ့သော်လည်း နှစ်မိနစ်ကြာသည်အထိ မည်သူကမျှ သူ့အား ဂရုမစိုက်ကြချေ။

"ဟဲလို?" ရွှေရောင်ဆံပင်သည် အခြေအနေစမ်းသည့်သဘောဖြင့် မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ?" လျန်မုန့်ချီသည် ပန်းကန်လုံးထဲတွင် ကျန်နေသော ခေါက်ဆွဲ ၃ ပုံ ၁ ပုံကို စားနေသည်။ သူမ၏ဗိုက်မှာ တင်းနေပြီဖြစ်၍ ခေါက်ဆွဲစားသည့်အရှိန်မှာ လျော့ကျသွားသည်။ သူမသည် ခေါက်ဆွဲကို ဖြည်းဖြည်းချင်း အရသာခံစားရန် ကြံစည်ထားသည်။ ထိုအချိန်တွင် သူမနောက်မှ အသံကိုကြားလိုက်ရသဖြင့် ထိုလူကို လှည့်ကြာကာ ပြောလိုက်သည်။

"စားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေက ဘယ်မှာလဲမသိဘူး?"
ရွှေရောင်ဆံပင်သည် တွန့်ဆုတ်စွာမေးသည်။

သူ၏တရုတ်စကားမှာ အနည်းငယ်ဆိုးသော်လည်း အခြားသူများသည် သူ၏ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းနားလည်အောင် ပြောနိုင်ပေသည်။ သူ၏စကားကိုကြားပြီးနောက် လျန်မုန့်ချီသည် ချောမွေ့သည့် အင်္ဂလိပ်စကားဖြင့် တိုက်ရိုက်ပြန်ပြောလိုက်သည်။

"ဒီမှာ စားသောက်ဆိုင်ဝန်ထမ်းမရှိဘူး။ ဟိုမှာ အဖြူရောင်ထမင်းစား စားပွဲမှာ နေရာလွတ်ရှိတယ်။ ကောင်တာမှာ သွားပြီး ကိုယ်စားချင်တာ ယူလိုက်လို့ရတယ်"

လျန်မုန့်ချီသည် အတိုချုံးကာ ပြောပြလိုက်သော်လည်း သူမ၏စကားများက ဆံပင်ရွှေရောင်နိုင်ငံခြားသား၏စိတ်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေခဲ့သည်ကို သူမမသိပေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now