အပိုင်း(၁၀၂)

Start from the beginning
                                    

"အမ်...ကောင်းလိုက်တာ" လျန်မုန့်ချီသည် ပန်းကန်လုံးထဲရှိ နောက်ဆုံးဟင်းရည်ကို သောက်လိုက်ပြီး "ငါ နောက်ထပ် တစ်ပန်းကန် စားနိုင်သေးတယ်"

"ငါက တစ်ပန်းကန်နဲ့ တစ်ဝက်လောက်စားနိုင်သေးတယ်" ယူချင်းချင်းသည် ဟင်းရည်အကုန်သောက်လိုက်သည်။ ထိုစကားကို ပြောပြီးနောက် သူမသည် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပြီး ထပ်ပေါင်းပြောလိုက်သည်။
"အိုး...မဟုတ်သေးပါဘူး။ အအေးဟင်းလျာတွေက ဘယ်မှာလဲ"

"အေး....ငါတို့ ယူဖို့မေ့လာတယ်။ အအေးဟင်းပွဲတွေက ပွက်နေတဲ့အိုးရဲ့ဘေးနားမှာပဲ ရှိတယ်"

လျန်မုန့်ချီသည် ကိုယ့်နဖူးကိုယ်ပြန်ရိုက်လိုက်သည်။ ခေါက်ဆွဲကို ယူလာပြီးနောက် ကြည်လင်နေသော ခေါက်ဆွဲအသားများက သူမ၏မျက်လုံးများကို ဆွဲဆောင်သွားခဲ့သည်။ ဘေးနားရှိ အအေးဟင်းပွဲများကိုပင် မေ့လျော့သွားခဲ့သည်။

ထို့ကြောင့် သူမတို့နှစ်ယောက် အမြန်ထကာ ခေါက်ဆွဲပြုတ် နောက်တစ်ပန်းကန်စီယူရန် လျှောက်သွားကြသည်။ အအေးဟင်းပွဲ နှစ်ပန်ကန်ကိုပါယူပြီးနောက် ပြန်လျှောက်လာကြသည်။

"အခွံခွာထားတဲ့ အာလူးတွေကို မြည်းကြည့်စမ်း အားပါးပါး.. ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာရှိလိုက်တာ" လျန်မုန့်ချီသည် အာလူးများကို ပါးစပ်ထဲထည့်ကာ ဝါးရင်း ပြောလိုက်သည်။

"မုန့်ချီ သခွားသီးကိုလည်း မြည်းကြည့်ဦး" ယူချင်းချင်းသည် သခွားသီးတစ်စိတ်စားကြည့်ပြီးနောက် သူမ၏မျက်လုံးများသည် တောက်ပနေခဲ့သည်။ သူမသည် ဤကဲ့သို့သော် သားသတ်လွတ်ဟင်းလျာမျိုးကို အကြိုက်ဆုံးဖြစ်သည်။ သူမသည် ကြွပ်ကြွပ်ရွရွနှင့် အရသာရှိလှသော သခွားသီးကို ကိုက်လိုက်ကာ ထိုအရသာထဲတွင် နစ်မြောရင်း သူမကိုယ်သူမ ရုန်းမထွက်နိုင်တော့ပေ။

ထိုအချိန်တွင် ပထမထပ်ရှိလူများသာ အံ့ဩထိတ်လန့်နေကြသည်မဟုတ် ဒုတိယထပ်ရှိ ဇီယန်၊ ကျန်းလီ၊ မင်းသမီးလေးနှင့် ကျိုးဖေးတို့သည်လည်း အံ့ဩနေကြသည်။

လက်ရှိတွင် ကျန်းဟန်၏ချက်ပြုတ်ခြင်းအနုပညာမှာ သူမတို့အားလုံးအား လုံးဝအနိုင်ယူသွားပြီဖြစ်သည်။ ပထမအကြိမ် အရသာရှိသည့်ဟင်းလျာမှာ တိုက်ဆိုင်မှုဟုဆိုလျှင် ဒုတိယနှင့် တတိယအကြိမ်တို့မှာတော့ မြေကြီးလတ်ခတ်မလွဲ တိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်တော့ချေ။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now