အပိုင်း(၁၀၁)

Start from the beginning
                                    

"လက်လုပ်ခေါက်ဆွဲကို ဒီလိုမျိုးလုပ်တာကို ငါ့အတွက် ပထမဆုံးတွေ့ဖူးတာပဲ။ ယီးပဲ....ခေါက်ဆွဲကိုကြည့်စမ်းပါဦးဟ။ ခေါက်ဆွဲရဲ့ ကောင်းချက်က ပိုးသားလေးကျနေတာပဲ"

"အရမ်းအံ့ဩဖို့ကောင်းတယ်။ တကယ်ကို အံ့ဩစရာပါပဲ။ သူဌေးက သာမန်လူတစ်ယောက် မစွမ်းဆောင်နိုင်တဲ့ လက်ရာမျိုး ရှိတာပဲ"

"ပြည်မကြီးက လက်လုပ်ခေါက်ဆွဲဘုရင်တောင် သူဌေးရဲ့ ဆယ်ပုံတစ်ပုံလောက် မကောင်းမှာကို ငါ့ကြောက်မိသေးတယ်"

"..."

ရှန်ဘဲ့မြောက်ပိုင်းတွင် အလွန်အစွမ်းထက်သော ခေါက်ဆွဲမာစတာတစ်ယောက်ရှိခဲ့သည်။ သူပြုလုပ်ထားသော ခေါက်ဆွဲသည် ဆံချည်မျှင်ကဲ့သို့အထိ ကောင်းမွန်သည်ဟု ဆိုကြသော်လည်း အမှန်တကယ်တွင် ၎င်းမှာ ချဲ့ကားပြောကြခြင်းဖြစ်သည်။ တကယ်တမ်းတွင် သူ၏ခေါက်ဆွဲသည် ဆံချည်မျှင်အဆင့်ထိ ကောင်းမွန်ခြင်းမရှိပေ။

ယခုတွင်တော့ လူတိုင်းသည် ပိုးသားကဲ့သို့ နူးညံပျော့ပျောင်းသော ခေါက်ဆွဲကို ကြည့်ကာ အလွန်ထိတ်လန့်တုန်လှုပ်နေကြသည်။

အမှန်တကယ်ကို ဆံချည်မျှင်ကဲ့သို့ ကောင်းမွန်ပေသည်။ ဤကျွမ်းကျင်မှုက မည်သို့ဖြစ်လာသလဲဆိုသည်အား သူတို့ နားမလည်နိုင်ကြချေ။

သူတို့သိသည်မှာ ခေါက်ဆွဲများသည် ‌ရေဝဲကဲ့သို့ လည်ကာ ပျံတက်နေသည်ကိုသာ သိကြသည်။ ဘယ်လောက်ကြောက်ဖို့ကောင်းပြီး ထိတ်လန့်ဖို့ကောင်းလိုက်သလဲ!

ထိုအချိန်တွင် အတုန်လှုပ်ဆုံးသူမှာ ကျောက်ဖုန်းပင်ဖြစ်သည်။ ကျန်းဟန်၏လက်ဖဝါးများ လှုပ်ရှားသွားသည့်အချိန်တွင် သူ၏မျက်လုံးများမှာ ပို၍ပို၍ ပြူးကျယ်လာပြီး နောက်ဆုံးတွင် စကောလောက်ပင် ပြူးကျယ်လာသည်။

ခေါက်ဆွဲများ ဖြစ်ပေါ်လာသည်နှင့် မျက်လုံးအတွင်းရှိ သူငယ်အိမ်မှာ ကျဉ်းမြောင်းလာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ အမူအရာဖြစ်လာသည်။

"ဒါက..."

ကျောက်ဖုန်း ခဏလောက် ကြောင်အနေပြီး ရုတ်တရက် ခေါင်းဆောင်ပြောခဲ့ဖူးသည့် ဒဏ္ဍာရီကို သတိရသွားကာ တုန်လှုပ်သွားသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now