အပိုင်း(၁၀၁)

Start from the beginning
                                    

ထိုအချိန်တွင် ကျန်းဟန်၏ အော်ရာသည် ညာလက်လက်ပေါ်တွင် စူးစိုက်နေပြီး လက်ချောင်းငါးချောင်းလုံးက လက်သီးဆုပ်ထားသည်။ စိတ်ဝိဉာဉ်အာရုံ၏လမ်းညွှန်မှုဖြင့် လက်ချောင်းကဲ့သို့သော ခေါက်ဆွဲမြင်တစ်ခုက လက်ချောင်းများကြားမှ ထွက်လာကာ ပွက်ပွက်ဆူနေသော အိုးဆီသို့ ပျံသန်းသွားသည်။

ခေါက်ဆွဲသည် လက်ချောင်းလုံးခန့် ထူသလော? ထိုသို့သော ခေါက်ဆွဲမရှိပါချေ။

ကျန်းဟန် ပြုလုပ်လုပ်ချင်သည်ကာ ခေါက်ဆွဲကောင်းကောင်းပင်။ ခေါက်ဆွဲဘယ်လောက်ထိကောင်းမလဲ? အမှန်တကယ် ကောင်းနိုင်သမျှ အကောင်းဆုံးဖြစ်အောင်ပင်။

ကျန်းဟန်သည် သူ၏ညာလက်ကို လျန်မြန်၍စည်းချက်ကျကျဖြင့် စက်ဝိုင်းပုံစံ လှုပ်ရှားလိုက်သည်။ လက်ချောင်းပုံစံ ခေါက်ဆွဲသည် ရှေ့သို့ အဆက်မပြတ် လည်သွားသည်။ သူ၏လက်ထဲတွင် ဖဲကြိုးတစ်ချောင်းကိုင်ထားပြီး ခရုပတ်သဏ္ဍာန်ဖြစ်အောင် အဆက်မပြတ် ဝှေ့ယမ်းသကဲ့သို့ပင်။

ထိုအချိန်၍ လက်ချောင်းလုံးခန့်အထူရှိသည့် ခေါက်ဆွဲလုံးသည် ပုံမှန်ခေါက်ဆွဲမျှင်နှင့် တူလာပြီး လည်ပတ်နှုန်းမှာ တိုးလာကာ ခေါက်ဆွဲမှာ ပို၍ကောင်းမွန်လာသည်။

ခေါက်ဆွဲသည် အိုးထဲသို့ ကျသည့်အချိန်တွင် ၂၀ စင်တီမီတာစီ ကွဲသွားသည်။ ၎င်းမှာ စိတ်ဝိဉာဉ်စွမ်းအင်၏ထိန်းချုပ်မှုအောက်တွင် ပြီးမြောက်သွားနိုင်ခဲ့သည့် စွမ်းဆောင်မှုတစ်ခုဖြစ်သည်။

ထိုနည်းဖြင့် ခေါက်ဆွဲများသည် အဆက်မပြတ် ပျံသန်းနေကာ မုန့်စိမ်းလုံးကို ပိုးချဉ်မျှင်များကဲ့သို့ ပြောင်းလဲနေသည့်လုပ်ငန်းစဉ်မှာ လူတိုင်းအား တုန်လှုပ်သွားစေသည်။

သူဌေးချက်ပြုတ်သည့်အခါ လှည့်ကွက်အချို့ရှိကြောင်း ကောင်းကောင်းသိထားသော်လည်း ယခုလောက်အထိညှို့ယူဖမ်းစားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ လူတိုင်း မအံ့ဩဘဲမနေနိုင်ချေ။

"ဒါက ဘယ်လိုဖြစ််နိုင်မှာလဲ?"

"ဘုးရားရေ ကြောက်ဖို့ကောင်းလိုက်တာ။ ခေါက်ဆွဲကို ဘယ်လိုတောင် ဆွဲတာလဲဟ"

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now