ထိုနောက်မှာ အသင့်ပြင်ထားပြီးသား မြင်းလှည်းပေါ်တက်ကာ သူတို့ဟာ နန်းတော်ဆီထွက်ခွာလာတော့သည်၊ဒေ့ကိုးနက်စ်လုပ်ရပ်ဟာ သိသာလှသည်၊အစေခံအားလုံးဟာလည်း သဘောပေါက်လာတော့သည်၊ပထမသခင်လေးနဲ့ဒုတိယသခင်​လေးဟာ အငယ်ဆုံးသခင်လေးကို ဂရုမစိုက်တော့ပေ၊တစ်ချို့ဟာဘာကြောင့်လဲ သိပေမယ့် တစ်ချို့ကတော့ ဒန်နာရီကြောင့်ဟု တွေးထင်ကာ အနည်းငယ်အံ့အားသင့်နေတော့သည်၊သူတို့ဟာ အငယ်ဆုံးသခင်လေးအတွက် စိတ်မကောင်းဖြစ်နေမိသည်၊
ကလီနာဟာ အန်ဒီးယားနဲ့ပတ်သတ်ပြီး ကောင်းမွန်သည့်အမြင်ကို အစေခံတွေဆီ၌တောင် ဖွင့်ဟထားသည်၊သူမရဲ့သားဟာ ကြင်နာကာနွေးထွေးပြီး ဖြူစင်တဲ့ကလေးတစ်ယောက်ပင်၊လူတိုင်းကလည်း သူမရဲ့သားကို ချစ်ခင်နေရပြီး သူမသားအနားရောက်သူတိုင်း အပျော်တွေပါ ကူးစက်နေရမည်၊ဒါပေမယ့် ဒန်နာရီပေါ်လာချိန်မှာ သူမရဲ့အစီအစဉ်တွေဟာ တဖြေးဖြေးပျက်ယွင်းလာတော့သည်၊
ဒေ့ကိုးနက်စ်တို့လှည်းဟာ နန်းတော်ထဲဝင်လာချိန်မှာ လူတွေအာရုံဟာ ကျရောက်လာတော့သည်၊ရိုစဲဆလပ်အမတ်ကတော်နဲ့အငယ်ဆုံးသားဟာ လွန်ခဲ့တဲ့နာရီဝက်တည်းကရောက်လာပြီး ဒုတိယသားနဲ့ပါရမီရှင်ဒန်နာရီကတော့ အခုမှ ရောက်ရှိလာတော့သည်၊သူတို့ကြားမှာ ပဋိပက္ခဖြစ်ထားမှန်း ရိပ်မိလာတော့သည်၊နိုးထပွဲကိုရောက်လာသည့်အခါတုန်းကလည်း ထိုနည်းတူစွာပင်၊
ဒေ့ကိုးနက်စ်နဲ့ဒန်နာရီဟာ နန်းတော်ပါတီကျင်းပရာ နေရာကိုရောက်လာတော့သည်၊ထိုအခါမှာ ဂျော့ဖရေးရောက်လာပြီး ဒေ့ကိုးနက်စ်ကို နူတ်ဆက်လိုက်ပြီးနောက်မှာ သူဟာ ဒန်နာရီကို ပြုံးကြည့်လာတော့သည်၊ဒေ့ကိုးနက်စ်နဲ့ဂျော့ဖရေးဟာ သုံးနှစ်အသက်ကွာသော်လည်း ဂျော့ဖရေးဟာ ဒေ့ကိုးနက်စ်ထက် အရပ်ပိုရှည်ကာ လူကောင်ထွားသည်၊ရက်စ်ထရစ်သွေးပါရှိတဲ့သူတွေဟာ တစ်ခြားသူတွေထက် သန်မာကာလူကောင်ထွားတာကြောင့် ဂျော့ဖရေးဟာ သူနဲ့ရွယ်တူတွေထက် လူကောင်ကြီးနေတာ မဆန်းကျယ်ပေ၊
"ဒန်... ကိုကိုလိုက်ပို့ပေးမယ်"
ဂျော့ဖရေးဟာ တစ်ခြားသူတွေရဲ့အမြင်ကိုဂရုမစိုက်ပေ၊သူရဲ့ရပ်တည်မှုဟာ ရှင်းရှင်းလင်းလင်းပင်၊ထိုနောက်မှာတော့ ပွဲတော်ထဲကို သူတို့သုံးယောက်ဟာ ဝင်ရောက်လာတော့သည်၊အင်ပါယာမင်းနဲ့ဧကရီဟာ ရောက်နှင့်ပြီးသားဖြစ်ပြီး အန်ဒီးယားနဲ့ကလီနာဟာလည်း အိုလီဘာဘေးနားမှာ တည်ရှိနေသည်။ လူတွေဟာ စိတ်ရှုပ်သွားတော့သည်၊