အပိုင်း(၉၃)

Start from the beginning
                                    

"မရဘူး။ မုန့်မုန့်ရေ ဒီကို မြန်မြန်လာ။ သမီးချွေးတွေရွှဲနေပြီ။ မေမေ သမီးကို ချွေးအရင်သုတ်ပေးမယ်" ဇီယန် ထပ်ပြောလိုက်သည်။

မုန့်မုန့်သည် အလွန်နာခံနေဆဲဖြစ်ပြီး သူမလေးသည် ရှောင်ဟေး၏ကိုယ်ကို လက်ဖြင့်ရိုက်ကာ
"ဝူး..ရှောင်ဟေး မေမေဆီသွားကြရအောင်"

"အာဝု...."

မုန့်မုန့်လေး သူ၏ကိုယ်ပေါ်မှ ပြုတ်ကျသွားမည်ကို အလွန်ကြောက်ရွံ့သဖြင့် ရှောင်ဟေးသည် ဂရုတစိုက်ဖြင့် နောက်သို့လှည့်လိုက်ကာ ဇီယန်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။

"ခစ်ခစ်..."
၎င်းကိုမြင်သည့်အခါ ဇီယန် မရယ်ဘဲမနေနိုင်ချေ။ ကျန်းဟန်အားကြည့်ကာ
"ရှင် ဒီလို မှော်ဆန်တဲ့ခွေးတစ်ကောင် ဘယ်ကရလာတာလဲ? အရမ်းအံ့ဩဖို့ကောင်းတာပဲ။ သူက လူ့သဘာဝကို နားလည်တယ်"

"အမ်...ဟမ့် ရှောင်ဟေးက...အဲဒီ...အဲ...ရွှေရောင်မြေကြီးအင်ပါယာခွေးပါ"
မုန့်မုန့်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ သူမလေးသည် အချိန်အတော်ကြာ စဉ်းစားသော်လည်း ရှောင်ဟေး၏ နာမည်အပြည့်အစုံကို စဉ်းစား၍မရသေးချေ။

၎င်းကိုမြင်သည့်အခါ ကျန်းဟန် ရယ်လိုက်ပြီး
"သမီးကို ဖေဖေပြောခဲ့တာ ရွှေရောင်သံမဏိချပ်ဝတ်အင်ပါယာခွေး။ သူ့နာမည်က ရှောင်ဟေး လို့လေ"

"ဟုတ်တယ် ဟုတ်တယ်။ အဲဒီ သံအိတ်စွပ် အင်ပါယာခွေး။ ရှောင်ဟေးက တကယ်အံ့ဩဖို့ကောင်းတယ်" မုန့်မုန့်သည် ရှောင်ဟေးကို စီးကာ ရှေ့သို့ရောက်လာပြီး ရှောင်ဟေး၏ကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း မြေပြင်ပေါ် ဆင်းလိုက်သည်။ မုန့်မုန့်သည် ဘေးမှ လျှောချလိုက်ပြီး ဇီယန်ဆီသို့ ဝမ်းသာအားရပြေးသွားသည်။

"မုန့်မုန့် ခဏထိုင်ပြီး နားပါဦး"
ဇီယန်သည် သူမအောက်ရှိ ကူရှင်ခေါ် ဖျာကို ပုတ်ပြလိုက်သည်။

မုန့်မုန့်သည် လျှောက်လာပြီး ဖျာပေါ်တွင် ဖင်ထိုင်ချလိုက်သည်။ ဇီယန်၏အမူအရာကို အတုခိုးပြီး ဖျာကို အကြိမ်အနည်းငယ် ပုတ်ပြကာ
"ဖေဖေ ခဏထိုင်ပြီး နားပါဦး" ဟု ပြောလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now