အပိုင်း(၉၀)

Start from the beginning
                                    

"သိပါပြီ အဖိုး" ကောင်လေးသည် နှုတ်ခမ်းစူလိုက်သည်။

သူ၏ရှက်ရွံ့သည့်အကျင့်ကို မဖော်ပြဝံ့သဖြင့် အနည်းငယ်မပျော်မရွှင်ခံစားခဲ့ရသည်။ သို့သော် ချာတိတ်လေးသည် ကြက်ဥထမင်းကြော်ကို ပထမဆုံးတစ်လုတ်စားကြည့်လိုက်သည့်အခါတွင် ထိုမပျော်မရွှင်ခံစားချက်များ လုံးဝပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများ အစားထိုးလာသည်။

ထိုအချိန် အပေါ်ထပ် ဧည့်ခန်းထဲတွင်။

ဇီယန်၏ခန္ဓာကိုယ်မှာ ပျင်းရိငြီးငွေ့စွာဖြင့် ဆိုဖာပေါ်မှီရင်း သူမ၏ Weibo ကို ကြည့်နေလေသည်။ ထိုစဉ်က သူမအလွန်ရေပန်းစားသည့်အချိန်တွင် သူမ၏ Weibo ဖော်လိုဝါမှာ ဆယ်သန်းခန့်ရှိကာ ပို့စ်တစ်ခုစီတွင် မှတ်ချက်ပေါင်း သောင်းနှင့်ချီ၍ နှစ်သက်သူ ထောင်နှင့်ချီ၍ ရှိသည်။

သို့သော် ဇီယန် ဖျော်ဖြေရေးနယ်ပယ်မှ ထွက်ခွာသွားပြီးနောက်တွင် ထိုပရိသတ်များမှာ ပေါက်ကွဲခဲ့ကြပြီး ဇီယန်သည် ဘာမှရှင်းပြခဲ့ခြင်းမရှိဘဲ နောက်ဆုံးတွင် အားလုံးတစ်ပြိုင်နက် သက်ပြင်းချလိုက်ကြသည်။ သူမကို ဖောလိုလုပ်ထားသူများမှာ အမြောက်အများရှိခဲ့ပြီး ယနေ့တွင် ၅ သန်းခန့်ကျန်နေဆဲဖြစ်သည်။ လွန်ခဲ့သည် နှစ်နှစ်က ဇီယန်သည် ပို့စ်နှစ်ခုတင်ခဲ့သော်လည်း မှတ်ချက်များနှင့် နှစ်သက်သူများမှာ အလွန်အရေအတွက်နည်းပါးကြောင်းတွေ့ရသည်။

ဇီယန် ယခင်က ပို့စ်တင်ခဲ့သည်ကို ပြန်ကြည့်နေရင်း စိတ်ရှုပ်ထွေးစွာဖြင့် သက်ပြင်းချလိုက်သည်။ ရုတ်တရက် ကျန်းဟန်သည် မုန့်မုန့်ကို ချီလာပြီး ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

အနားသို့ရောက်သည်နှင့် ကျန်းဟန်သည် မုန့်မုန့်ကို ဇီယန်၏ဘေးတွင် ချလိုက်သည်။

မုန့်မုန့်၏အမူအရာမှာ မဝံ့မရဲဖြစ်နေသည်။ သူမလေး၏မျက်လုံးကြီးများတွင် သနားစရာအရိပ်အယောက်များရှိနေသည်ကို သူမရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။

"ဖေဖေ စိတ်ဆိုးနေတာလား? ဖေဖေ စိတ်မဆိုးပါနဲ့...."

"ဘာဖြစ်တာလဲ? လာ မေမေ့ဆီကိုလာ"
ဇီယန်သည် ကျန်းဟန်အား ထူးထူးဆန်းဆန်းကြည့်လိုက်ပြီး မင်းသမီးလေးအား သူမ၏ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၁ မှ ၁၃ အထိ)Where stories live. Discover now