မုဒြာရဲ့အိမ်မက်က လူတွေကြားထဲမှာ လူတွေနဲ့တန်းတူနေထိုင်ပြောဆိုနိုင်ပြီး လူတွေနဲ့ရင်းနီးခင်မင်ခွင့်ရရှိရန်ပင် ။ စည်းစိမ်ဥစ္စာတွေကြောင့်မဟုတ်ပဲ လူတွေသူ့အား အရေးစိုက်ကာ သူပြုလုပ်သမျှကို သဘောကျနှစ်ခြိုက်ပေးပြီး ချီးကျူးပေးတာကို လိုချင်သည် ။ သာမာန်လူသားတစ်ယောက်အဖြစ် ရှင်သန်ကာ လူတွေနဲ့တရင်းတနီးနေချင်ခဲ့သည် ။

ဒါကြောင့်မုဒြာ စိတ်ပင်ပန်းနေတာတွေပျောက်သွားအောင် သူအနည်းငယ်တတ်ကြွမ်းတဲ့ မုန့်လုပ်နည်းဖြင့် မျိုးစုံသောမုန့်တွေပြုလုပ်ပြီး ဧကရာဇ်မောင်အလုပ်လုပ်နေတဲ့ နေရာသို့ထွက်လာခဲ့သည် ။ ခုလိုအလိုက်သတိနေပေးလျှင် ဧကရာဇ်မောင်ရဲ့ယုံကြည်မှုကိုရရှိပြီး လွတ်မြောက်ဖို့အခွင့်အရေးများရမလားဆိုတဲ့မျှော်လင့်ချက်လဲပါသည် ။

ရုံဝန်ထမ်းတွေက ဥက္ကဌရဲ့မိတ်ဖက်ကိုယ်တိုင် ရုံးကိုရောက်နေတယ်ဆိုတဲ့သတင်းကြောင့် စုရုံးကာ ရုတ်ရုတ်သဲသဲဖြစ်နေကြသည် ။ သခင်လေးမုဒြာကို မမြင်တွေ့ရတာ ကြာပြီဖြစ်သလို ခုတစ်ခါ ပူဖောင်းနေတဲ့ဗိုက်လေးနဲ့အတူ မြင်တွေ့ခွင့်ရ၍ အားလုံးကမှင်သက်ကာ အားရဝမ်းသာကြိုဆိုနေကြသည် ။

အမျိုးသမီးဝန်ထမ်းတွေရဲ့အလယ်မှာ အင်္ကျီပွလေးကိုဝတ်ဆင်ထားတဲ့ ဗိုက်ပူပူလေးနဲ့မုဒြာက ထင်ပေါ်နေပြီး အားလုံးရဲ့အရေးစိုက်ခြင်းခံထားရသည် ။ ရုံးထဲအထိ အစောင့်တွေကို လိုက်လာခွင့်မပြုပဲ မုဒြာ တစ်ယောက်ထည်းသာ ဝန်ထမ်းတွေနဲ့အတူ တွေ့ဆုံနှုတ်ဆက်နေသည် ။

" သခင်လေး မင်္ဂလာပါ … သခင်လေးနေကောင်းရဲ့လား "

" သခင်လေးကို ကိုယ်ဝန်နဲ့အတူမြင်ဖူးချင်နေတာ … သခင်လေးကဗိုက်ပူပူလေးနဲ့အရမ်းလိုက်တာပဲ "

" သခင်လေးရဲ့လက်လေးတွေကနုအိနေပြီး ကိုင်ချင်စရာလေး … ကိုယ်ဝန်သည်တွေက အသားအရေစိုပြေကြတယ်လို့ပြောကြတာ အမှန်ပဲ  "

"  ဒီအိုမီဂါလေးကျ ကိုယ်ဝန်နဲ့တောင်မှ လှလိုက်တာ "

အားလုံးက မုဒြာကိုမရှောင်ဖယ်ကြပဲ ဝိုင်းကာနှုတ်ဆက်ကြပြီး ကိုယ်ဝန်ဆောင်ဖူးတဲ့မိခင်တွေကလဲ သူတို့အတွေ့အကြုံတွေဝေမျှနေကြသည် ။ မုဒြာစွတ်ဆွဲခံရစဉ်က လူတွေမကောင်ပြောကြတဲ့သတင်းတွေအပေါ် စိတ်မရောက်ဖို့နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့ အားလုံးကအားပေးစကားဆိုကြသည် ။

Hidden love " ကုမုဒြာ "( complete )❤️ Where stories live. Discover now